"ကိုကို"
"ဟင် ဝန်း"
"ကျွန်တော် ကိုကိုနဲ့တူတဲ့ pajama ဝယ်လာခဲ့တယ်"
"ဝတ်ချင်ရင် ကိုယ့်ဟာ ယူဝတ်လဲရတာကို"
"ဟာ ကိုကိုကလဲ တကယ်ပါဘဲဗျာ! ကိုကိုနဲ့တူတူဝတ်ချင်လို့ တူတဲ့ဟာ ရွေးဝယ်လာပါတယ်ဆိုနေမှ"
"အရောင်တော့ကွာတယ်မလား ကလေးလေး"
အရောင်ကွာမကွာ ကြည့်နေတဲ့ ကိုကိုရယ် သူ့နဲ့ဆင်တူတာကို ကိုကိုကမဝတ်ချင်တာလား ဆိုတဲ့ပုံစံနဲ့ ကြည့်နေတဲ့ ဂျောင်ဝန်းရဲ့မျက်နှာက စတင်ဆူပုတ်လာပြီဖြစ်သည်။
"အတူတူဘဲရယ်"
"တူတာဘဲ"
"ကိုကိုက ကျွန်တော့်နဲ့ဆင်တူမဝတ်ချင်လို့လား"
"ဟား ဝန်းနား ဘယ်လောက်ပဲကိုယ့်ကို သဘောကျတယ်ဆိုပေမယ့် ဒီလိုမျိုးလိုက်ဝတ်တာကတော့ကွာ"
"အာန် ကိုကိုက ကျွန်တော်နဲ့ဆင်တူဝတ်တာမကြိုက်ဘူးပေါ့လေ"
"တကယ်ပါဘဲကွား ဒီကလေးလေးကိုဘယ်လိုလုပ်ရပါ့မလဲ"
ဂျေးတစ်ယောက် စနောက်နေပေမယ့်လဲ သူ့ကလေးလေးရဲ့မျက်နှာက ပြိုတော့မယ့်မိုး အခြေအနေမှာရှိနေတာကြောင့် ချက်ချင်းဘဲ မျက်နှာပိုးသတ်ယူလိုက်ရသည်။
"ကိုကိုက ကျွန်တော်နဲ့ဆင်တူတာမဝတ်ချင်တာလားလို့ ဟွန်???"
"ဝန်း ကိုယ်က အဲ့လိုသဘောနဲ့ပြောတာ မဟုတ်ပါဘူးကွာ"
"မသိဘူးဗျာ"
"အဲ့လိုသဘောမျိုး ပြောတာမဟုတ်ပါဘူး ကလေးလေးရာ"
"အောန် ကိုကိုအခုတော့ ငြိုငြင်လာပြီပေါ့လေ ရပါတယ် ကိုကိုမှမချစ်တော့ဘဲ မေမေ့အိမ် အာ့..."
ရုတ်တရုတ်ဆွဲမလိုက်တာကြောင့် ဂျောင်ဝန်းလဲ သူ့ကိုကိုပေါ် အတင်းကုပ်ထားမိသည်။ဂျေးက ဂျောင်ဝန်းမျက်နှာပေါ် ငုံ့ကြည့်ကာ ပြုံးတိတိနဲ့ပြောလာလေသည်။
"ကိုကိုက အဲ့လိုသဘောမျိုးပြောတာမဟုတ်ပါဘူးဆို ဝန်းရာ"
"ကိုကို ကျွန်တော့်ကို လာအနိုင်မကျင့်နဲ့"