ရွှေတောင်ကြားရပ်ကွက် ၊ ဗဟန်း
လူကုံထံများသာ သီးသန့်နေထိုင်သော ရပ်ကွက်ဟု သတ်မှတ်ထားသော
ရွှေတောင်ကြားရပ်ကွက်တွင်
လုံးချင်းအိမ်ကြီးများနှင့် ခြံကျယ်ကြီးများက
ခန့်ထည်စွာ တည်ရှိနေလေသည်။ထို များစွာသောအိမ်များထဲတွင်
ခြံအကျယ် ၊ အုတ်တံတိုင်းခတ်ပုံ၊ ခြံတံခါးနှင့် အိမ်ပုံစံတို့ပါ တစ်ထပ်တည်း တူနေသော
တ်ုက်အိမ်ကြီး နှစ်လုံးသည် ဘေးချင်းကပ်ရှိနေကြသည်။
အဝါနုရောင်နှင့် အဖြူရောင်ရောစပ် ထားသော သုံးထပ် တိုက်ကြီး နှစ်ခုမှာ
တည်ဆောက်ပုံ နည်းနည်းမှ မလွဲဘဲ ဆင်တူတည်ဆောက်ထားပုံ ရသည်။
ထို အိမ်ကြီးရှင်များကလည်း မိုးကုတ်မှ ရှေ့ဆင့် နောက်ဆင့် ပြောင်းရွှေလာသော
ကျောင်တွင်းပိုင်ရှင်များနှင့် ကျောက်မျက်ကုမ္ပဏီ ပိုင်ရှင်များ ဖြစ်ပေသည်။
သွေးသားရင်းများသဖွယ် ငယ်စဉ်တည်းက ခင်တွယ် လာကြသူများ ဖြစ်၍
စီးပွားတူသော်လည်း ရန်ကွဲခြင်းမရှိ
စည်းလုံးစွာ စီးပွားဖက်ကောင်း များအနေနဲ့
ရှိခဲ့ကြတာ နှစ်ပေါင်း ၃၀နီးပါး ရှိပေတော့မည်။ပထမတိုက်အိမ်ကြီး၏ ပိုင်ရှင်က
'' UNIVERSE Jewelry " လုပ်ငန်းစု ရဲ့သူဌေးကြီး ဦးလျှမ်းစေ နှင့် သူဌေးကတော် ဒေါ်ပပဖြိုး တို့ဖြစ်ပြီး " ဇီ၀န်လျှမ်းပ"
ဟူသော အသက် ၂၇ နှစ်အရွယ် သားတစ်ယောက် ရှိသည်။
ဒုတိယအိမ်ကြီး၏ ပိုင်ရှင်ကတော့
" United Jewelry '' လုပ်ငန်းစု ရဲ့သူဌေကြီး ဦးမျိုးမာန် နှင့် ဒေါ်အနီရင့် တို့ ဖြစ်ကြပြီး
'' ကျူးရင့်သန်'' ဟူသည့် အသက် ၂၀ အရွယ် သားလေး ရှိသည်။
လူကြီးချင်းကလည်း သွေးရင်းသဖွယ်ခင်တွယ်ကြသလို လူငယ်များကလည်း မွေးကတည်းက အတူစား အတူဆော့
ကျောင်းတက်တော့လည်း International School တစ်ခုတည်းမှာပဲ တက်ခဲ့ကြတာမို့
သံယောဇဉ်ပမာဏက မနည်းလှ။
YOU ARE READING
Love Therapy
Romanceအချစ်ဟာ အဆိပ်အတောက်တွေကို ဖယ်ရှားပစ်နိုင်တဲ့ အထိရောက်ဆုံး ကုထုံးတစ်ခု။