"ဘယ်နှစ်နာရီရှိနေပြီလဲ"
"12နာရီနဲ့25မိနစ်လေ ၊ မျက်လုံးမပါလို့ လှမ်းမေးနေတာလား"
"ဒါ လူ,အိမ်ပြန်တဲ့အချိန်လား?"
"အိမ်ပြန်လာတာပဲ ကျေးဇူးတင်စမ်းပါ"
သူ့လိုလူကို ဘာစိတ်ကူးပေါက်ပြီး ဒီလိုကောင်နဲ့ပေးစားလိုက်သလဲမသိ ။
Felix ရန်မဖြစ်ချင်တော့တာမလို့ ဆက်မပြောတော့ပေ ၊ Yang Jeongin နဲ့ သူ အတူနေ,နေတာ နှစ်ပတ်ရှိပြီ ၊ နှစ်ပတ်လုံး ရန်မဖြစ်ရတဲ့ ရက်ဆိုတာမရှိ ။
•••
"ဘာလာလုပ်တာလဲ"
"မင်းရန်ဖြစ်လာတာမလား ပြစမ်း"
"မပြဘူး"
မျက်နှာကို လက်တစ်ဖက်နဲ့ထိန်းကိုင်ပြီး သူဘက်ကို လှည့်လိုက်တော့ ပါးပေါ်က ခြစ်ရာက အထင်းသား ။
"ဆေးထည့်ပေးမယ် ငြိမ်ငြိမ်နေ"
"အ့ ! ဖြေးဖြေးလုပ်လေဗျာ !"
"ရန်ဖြစ်တုန်းက ကြိုတွေးလေ"
Jeongin မျက်လုံးချင်းမဆုံချင်တာမလို့ မျက်နှာကတစ်ဖက်ကိုလွှဲထားလိုက်သည် ။
တစ်ဖက်လူကတော့ ထုံးစံအတိုင်း သြဝါဒခြွေနေသည် ။
သူ့လိုကောင်ကို ဘယ်လိုစိတ်ကူးပေါက်ပြီး ဒီလိုလူနဲ့ပေးစားလိုက်သလဲ မသိ ။
"အပြာလေးကပ်မလား အသားရောင်ကပ်မလား"
ပလာစတာနှစ်ခုကို မြှောက်ပြပြီး သူ့ကိုမေးလာသည် ၊ တစ်ကယ်ပါပဲ ကလေးကလားနဲ့ ။
"မေးနေတာ ဖြေလေ ၊ အပြာလေးလား အသားရောင်လားလို့"
"အသားရောင်"
"အပြာလေး ကပ်လိုက်မယ်နော်"
အဲ့တာဆိုဘာလို့လာမေးနေသေးလဲ ။
Jeongin စိတ်ထဲက ရေရွတ်လိုက်သည် ။
"နောက်ဆို အိမ်ကိုစောစောပြန်လာ ၊ မင်းကို စောင့်နေရတာ ငါ့အိပ်ချိန်တွေနောက်ကျတယ်"
"မစောင့်နဲ့လေ ၊ ခင်ဗျားဟာခင်ဗျားအိပ်ပေါ့"
ကြည့် ! ပြန်ပြောတဲ့လေသံကိုက ရိုက်သတ်ချင်စရာ ! Felixက သူ့ကိုစောင့်ပေးနေတာ အိပ်ရေးတောင်ပျက်သေးတာကို ။