အပိုင်း (၄)အသက်တစ်ခါရှူလိုက်တိုင်းညှီစို့စို့သွေးနံ့တို့ကသာနှာခေါင်းဝ၌ကြီးစိုးလျက်ရှိလေသည်။ခန္ဓာကိုယ်အရေပြားတို့ပင်စိမ့်ခနဲဖြစ်သွားလေအောင်လေအေးတို့ကလည်းအဆက်မပြတ်တိုက်ခတ်နေလေ၏။ မီးအိမ်လေးရဲ့အကူအညီဖြင့် မဲမှောင်နေသည့်ပတ်ဝန်းကျင်ကိုရိပ်ရိပ်လေးမြင်နေရသည်။ ပတ်ဝန်းကျင်အခြေအနေကိုအကဲခတ်ကြည့်တော့ ကျောက်စိုင်ကျောက်ခဲတွေနှင့်ငှက်ဆိုးအော်သံတို့ကလူကိုကျောချမ်းသွားစေပြန်သည်။
ကျောက်ဂူတစ်ဂူအတွင်းတွင်ဖြစ်ရမည်..။ထိုကျောက်ဂူကြီးကိုအလယ်ကနေသံဇကာကြီးတစ်ခုနှင့်ခြားထားသည် သံဇကာ? သံဇကာဆိုတာထက် သံတိုင်ကြီးတွေ သံတိုင်ကြီးတွေနဲ့ ဒါ... ဒါ.....အကျဉ်းထောင်တစ်ခုပင်ဖြစ်ရမည်။
မီးရောင်ယဲ့ယဲ့အောက်တွင် လူနှစ်ဦးကိုမှိန်မှိန်ပျပျလေးမြင်နေရသည်။တစ်ဦးက အကျဉ်းထောင်အတွင်း၌...
ကျန်တစ်ဦးကအပြင်ဘက်၌...."အရှင် ကျွန်တော့်ကိုမယုံခဲ့ဘူးပဲ"
အကျဉ်းထောင်အတွင်းမှလူကတိုးညှင်းစွာဆိုလာလေ၏။ ထိုလူ၏လည်ပင်းကိုသံကြိုးများနှင့်ချည်နှောင်ထားရုံသာမက လက်များကိုလည်းသံဆူးကြိုးများနှင့်ချည်ထားသေးသည်။ နဖူးထက်မှသွေးစက်တို့ကတစ်တောက်တောက်စီးကျနေရာ ဒီအကျဉ်းသားကိုအပြစ်ပေးထားပုံရသည် သို့ပေတည်း ညှင်းပန်းနှိပ်စက်ထားသည်နှင့်ပင်ပိုတူနေလေသည်။
"အရှင် ကျွန်တော့်ကိုလုံးဝမယုံခဲ့ဘူးပဲ"
ထိုလူကအားမလိုအားမရထပ်ပြောပြန်သည်..။ထိုတစ်ခါ၌အသံမှာပိုကျယ်လာကာ ပိုတင်းမာလျက်...။
"ငါကမင်းကိုဘာလို့ယုံရမှာလဲ?"
"မင်းလိုသစ္စာဖောက်တစ်ယောက်ကို အရင်ကယုံခဲ့မိတဲ့ငါ့ကိုယ်ငါတောင် အခုထိခွင့်မလွှတ်နိုင်သေးဘူး"
အကျဉ်းသားကအေးစက်စွာရယ်သည် သူ၏မျက်နှာမှာအောက်ကိုငိုက်စိုက်ချလျက်သားမို့ မျက်နှာကိုမမြင်ရ
"ဟက်....အဟွတ်... အဟွတ်"
ထိုအကျဉ်းသားက ခြောက်ကပ်စွာရယ်သည်။ထိုအကျဉ်းသား၏ရယ်သံကသူ့နှလုံးသားထဲထိစူးဝင်သွားလျက်... ရယ်ရင်းနှင့်ပင်သွေးတစ်လုတ်အန်ထွက်သွား၏။ သွေးများစီးကျနေသောနှုတ်ခမ်းထောင့်ကိုလက်ခုံဖြင့်သုတ်ဟန်ရှိကာ..တခဏမျှတိတ်ဆိတ်သွားပြီးနောက် ထိုသူကမဝံ့မရဲပင်အမေးစကားအဆိုရှိ၏။
YOU ARE READING
From Heart To Heart (FHTH) နှလုံးသားမှသည်...နှလုံးသားသို့
Romanceနှလုံးသားမှသည်...နှလုံးသားသို့ ပုံအပ်ကာချစ်ခဲ့သမျှ ရင်နင့်အောင်ခံစားရပါသည်။ ။ သျှိုင်းစေတမာန်×ရှင်နှောင်းသခင်