Part -2

3 1 0
                                    

အပိုင်း (၂)

   ကောင်းကင်ယံတွင်နေမင်းကြီးအပြည့်အဝပေါ်ထွက်နေပြီဖြစ်သော်ငြား GoldenLink Comdo ၏‌ခြောက်လွှာမှရုံးခန်းရှိမှန်များကိုမူကောင်းစွာမထိုးဖောက်နိုင်...။ နေရောင်ခြည်တို့ကလင်းသည်ဆိုရုံမှသာအခန်းကိုအလင်းရောင်ပေးနေကြသည်။ နက်စွေးစွေးအခန်းအပြင်အဆင်တို့နှင့်ပကတိတိတ်ဆိတ်‌နေသောအခန်းထဲတွင် ကီးဘုတ်ရိုက်သံဟုထင်ရသည့်တဖျောက်ဖျောက်မြည်သံများသာကြီးစိုးလျက်...။
   အလုပ်စားပွဲတွင်ခြေတစ်ဖက်ကိုဟန်ပါပါချိတ်ထိုင်‌ထားကာလက်တစ်ဖက်ကိုမေးထောက်လျက် Screenကိုသာစူးစိုက်ကြည့်နေသူ...။ ကျန်လက်တစ်ဖက်ကမူကီးဘုတ်ထက်ပြေးလွှားနေလျက်...။ အလုပ်ကိုအာရုံစိုက်လုပ်နေသည့်ပုံမှာတစ်စုံတစ်ရာမည်သည်စိတ်ဝင်စားမှုမရှိသယောင်...။ ဆေးထပ်တင်ထားသည်ဟုထင်ရသောလှန်တင်ထားသည့်အနက်ရောင်ဆံပင်အတိုသည် ပုံမှန်ထက်နက်စွေးနေလျက်..။စုကျုံ့ထားသောမျက်ခုံးထူထူတို့ကပြေလျှော့ဖို့မေ့နေကြ၏။ဟိုတစ်စဒီတစ်စနဖူးပေါ်ကျနေသည့်ဆံပင်အောက်ခပ်စူးစူးရှိနေသောမျက်ဝန်းတစ်စုံ..။မျက်ရစ်ခပ်ပါးပါးနှင့်မျက်ဆံအမည်းရောင်ကိုတိုစိပ်စိပ်မျက်တောင်တို့ကဝန်းရံနေလျက်..။ဤမျက်ဝန်းမျိုးသည်နှစ်ခါပင်စေ့စေ့မကြည့်ရဲလောက်အောင်ညှို့အားပြင်းသည်။မျက်ရိပ်တို့ထက်ပြတ်သားမှုကလည်းအထင်းသား..။ခပ်ချွန်ချွန်ဖြစ်နေသောနှာတံသည်စင်းစင်းကလေးဖြစ်နေရာသူ၏မျက်နှာကိုပိုပေါ်လွင်စေသယောင်....။စေ့စေ့ပိတ်ထားသောနှုတ်ခမ်းပါးပါးတစ်စုံသည်ဖွင့်ဟလာဖို့အစီအစဉ်မရှိပုံရ၏..။အနီရင့်ရင့်အရောင်ဖြတ်ပြေးနေသောဤနှုတ်ခမ်းသည်စွဲမက်ဖွယ်အတိ..။‌သေသပ်စွာပေါ်နေသောမေးရိုးသည်ဤသူက မာနကြီးကြောင်းဖော်ပြနေသလိုလို..။နားတစ်ဖက်ကိုဖောက်ကာ ဝတ်ထားသောနားကပ်ကွင်းလေးကပင်လူငယ်ဆန်စေသည်။Shirtလက်ရှည်ကို ကြယ်သီးဖြုတ်ဝတ်တက်သောသူကရင်အုပ်ကျယ်ကျယ်ကိုအမြဲလိုလိုဖွင့်ဟထားတက်‌သည်။တံတောင်ဆစ်အထိခေါက်တင်ထားသောအင်္ကျီလက်ကြောင့်လက်ဖျံတစ်လျှောက်အကြောစိမ်းတို့မှာအထင်သား..။အလွန်ပင်ဆွဲဆောင်မှုရှိသည်မဟုတ်ပေလား..။ ထိုသူသည်Forever ကုမ္ပဏီပိုင်ရှင်၏တစ်ဦးတည်းသောသား For youth ကုမ္ပဏီ၏Founder & CEOပင်ဖြစ်သည့်
လူတိုင်းလိုလိုအနားကပ်ခွင့်ရချင်ကြသောအချေမင်းသားလေးပင်....။

From Heart To Heart (FHTH) နှလုံးသားမှသည်...နှလုံးသားသို့Where stories live. Discover now