တိုက်ဆိုင်ရင် ပိုလွမ်းရသလို မတိုက်ဆိုင်ရင်လည်း တမ်းတမိသွားတာပဲ....။
2024 မဖြစ်သေးတဲ့ 2011ရဲ့ တခုသော မနက်ခင်းမှာပေါ့။
ဖြတ်လျှောက်နေကျ လမ်းမကြီးရဲ့ဘေးမှာ စာသင်ကျောင်းကြီး ရှိမှန်း အစထဲကသိတယ်။ကိုယ်အဲ့နေရာ ရောက်ချိန်တိုင်း Assembly စီကြတာ မြင်တယ်။တခါတလေ အသားမဲမဲနဲ့ ကျောင်းအုပ်ကြီး မျက်မှန်မတင်ရင်း မိန့်ခွန်းပြောနေသံလည်း ကြားမိတယ်....။
ဒါပေမဲ့ တခါဖူးမျှ ယောင်လို့ လှည့်မကြည့်ဖြစ်ခဲ့ဘူး။ဒီနေ့တော့ တိုက်ဆိုင်တာလား..ရေစက်ဆုံဖို့ ကံကြမ္မာက ဖန်တီးပေးလိုက်တာလားတော့မသိ ရပ်လို့ကို ငြိမ်ငြိမ်လေး နားထောင်ခဲ့မိရဲ့....။
"လူတိုင်းမှာ အလုပ်ဆိုတာ ရှိတယ်..ဆရာဝန်က ဆေးကုတယ်၊ကျောင်းဆရာမက စာသင်တယ် အေး..မင်းတို့လဲ အလုပ်ရှိတာပဲ ကျောင်းသားဆိုတာ ကျောင်းတက်၊စာကြည့် ဒါအလုပ်ပဲ...အဲတော့ စာကိုပဲ အာရုံစိုက်ရမယ်...ရီးစားထားတာ ကျောင်းသားအလုပ်မဟုတ်ဘူး...ရှင်းလား"
ဒေါသတကြီး ဆုံးမနေတဲ့ ဆရာကြီးစကားကို ကျောင်းသားထုကြီးက တွတ်ထိုးလို့ နာခံကြတာ မြင်ရတယ်။ကိုယ်လဲ ကျောင်းသူဖြစ်ဆဲမို့ ဆရာတွေရဲ့ လက်သုံးစကားကို ပြုံးရုံပဲ....
ထိုအခိုက်....
"အယ်"
အတန်း အလယ်လောက်ကနေ ခိုးကြောင်ခိုးဝှက်နဲ့ တဖြည်းဖြည်းနောက်ဆုံး ရွှေ့လာပြီး သူငယ်ချင်းနဲ့ ကျောင်းလစ်ဖို့ ဟန်အမူအယာလုပ်ပြနေတဲ့ ကျောင်းသားလေး ကျမကို မြင်လိုက်လို့ ကျောက်ရုပ်ဖြစ်သွားခဲ့တာကို.....
ကျမခေါင်းလေးစောင်းလို့ ပြူးကြည့်ပေးလိုက်တယ်...သူချက်ချင်းရှေ့ပြန်လှည့်သွားတယ်....
ဒီအခိုက် သူ့စိတ်ထဲ ဘာတွေးနေမလဲ..??မေးခွန်းထုတ်မိတယ်။
ဒါ... သူနဲ့ကျမ စတင် ဆုံစည်းခဲ့ပုံလေးပါ.....။
TayKhitMo //
YOU ARE READING
To...Dear Mg
Aléatoireမောင့် ကို လွမ်းဆွတ်လို့ ပြန်စီမိတဲ့ စကားလုံးပေါင်း တထောင့်ငါးရာ။