Part - 23 [Uni&Zaw]

488 9 0
                                        

Unicode

"လူနာအခြေအနေက ထင်ထားတာထပ်ပိုပြီး မြန်မြန်ကောင်းလာတာပဲ!ဒီပုံအတိုင်းဆို နောက် သုံး၊လေးရက်ဆို ဆေးရုံကဆင်းလို့ရပြီနော်!"

"တကယ်လား ‌Doctor!"

"ဒါပေါ့ဗျာ"

"ကျွန်တော်လည်း မြန်မြန်ဆင်းချင်နေပြီ Doctorရေ!"

"ဟားးးဟားးး ဆင်းရမှာပေါ့ဗျာ...ဒါနဲ့လေ!"

"ဟုတ်...Doctorပြောပါဗျာ!"

Doctorက စကားပြောရင်းထောက်သွားတာကြောင့် ဒေးကစကားကိုပြန်ဆက်ပေးသည်။

"ကျွန်တော့်တစ်သက်မှာ ခင်ဗျားလောက်ကံကောင်းတဲ့ လူနာမျိုးမတွေ့ဘူးသေးဘူး....ကျွန်တော်အပါအဝင် အားလုံးက ခင်ဗျားကို မကယ်နိုင်လောက်ဘူးထင်တာ...ဘာလို့ဆို ခင်ဗျားကဒဏ်ရာပြင်းပြီးသွေးထွက်လွန်နေတဲ့ အပြင် ခင်ဗျားရဲ့သွေးက ကမ္ဘာနဲ့ချီပြောလို့တောင်ရတဲ့ရှားပါးသွေးဆိုတော့ ကျွန်တော်တို့တွေခေါင်းနပန်းကြီးသးတာတော့အမှန်ပဲ"

"............."

"ခင်ဗျားက တကယ်ကိုကံကောင်းတဲ့လူပဲ....ဒီလောက်ရှားတဲ့သွေးက ဒီကောင်မလေးဆီမှာရှိနေတာ....၊တကယ်  ကျွန်တော်တို့ဆို မယုံနိုင်လောက်အောင်ပဲ....၊ခင်ဗျားကိုအခုလို ကျန်းမာလာတာမြင်ရတော့ တကယ်ပဲဝမ်းသာမိတယ်"

"ဟုတ်ပါ့ဗျာ....၊ကျွန်တော် တကယ်ကိုကံကောင်းခဲ့တယ်ထင်ပါရဲ့!"

Doctorက ဝမ်းသာအားရနဲ့ပြောနေတာကြောင့် ဒေးလည်းခပ်ပြုံးပြုံးနဲ့ပင်ပြန်ဖြေလိုက်ရ၏။

Doctor က လိုအပ်တဲ့စမ်းသပ်တာတွေလုပ်ပြီး ပြန်သွားတော့ သူနဲ့သု့တန်ဖိုးကျန်ခဲ့သည်။သုတန်ဖိုး ကုတင်ဘေးက လူနာစောင့်ခုံလေးမှာ ထိုင်ကာ ဒေးလက်တစ်ဖက်ကို သူမလက်‌လေးတွေနဲ့ထပ်အုပ်ကိုင်ထားရင်း ဒေးကိုသာကြည့်နေမိသည်။

"ကိုယ့်ကို ဒီလိုပဲကြည့်နေတော့မှာလား"

"အင်း!"

"ဘာမှမပြောတော့ဘူးပေါ့!"

"ဟင့်အင်း!"

"အဟွန်း!ဘာလေးလဲ မင်းက!"

ဒေးက နောက်လက်တစ်ဖက်နှင့်သု့တန်ဖိုး ပါးပြင်ကို ခပ်ဖွဖွပွတ်သပ်ကာ ပြော၏။ထို့နောက် သု့တန်ဖိုးက သူမပါးပေါ်မှာတင်ထားတဲ့ဒေးလက်ပေါ်ကို သူမလက်သေးသေးလေးနှင့်ထပ်အုပ်ကိုင်ကာ....၊

Two Worlds [Complete]Where stories live. Discover now