မသိန်းရှင်ဆီပို့ပေးပါ - အပိုင်း (၁၀)
#နိုင်ဝင်းဆွေ
အမှောင်တွင်းမှ သံသရာ
ထိုအခါမှစ၍ သူနှင့် မီရထားရဲများ ဂါတ်ဗိုလ်များ ဖော်ရွေစွာ ပြုံးကာရယ်ကာ ဆက်ဆံနေသည်ကို တွေ့ရလျှင် ကျနော်သည် မိမိနှင့် မည်သို့
မျှ မပတ်သက်သလို နေနိုင်လာအောင် ကြိုးပမ်းနေခဲ့ရသည်။သူသည် ဆုံးခန်းတိုင်အောင် ပျက်စီးနေသည့် တင်တင်၊ မအေးသွယ်တို့နှင့်လည်း ရောရောနှောနှော ပေါင်းသင်းနေရသည်။
ရံဖန်ရံခါတွင် မိန်းမမှုပွေသူ ရဲသားတဦးဦး၊ ဂါတ်ဗိုလ်တဦးဦး၊ လက်မှတ်စစ် တဦးဦးက သူ့အနားမှ မခွာဘဲ စကားရှာပြီး ပြောဆို ရယ်မောနေလျှင် ကျနော်သည် ရယ်သံ မောသံ ပြောဆိုနေသံများကို မကြားချင်တော့ပေ။ မမြင်ချင်။ ထိုအခါ၌ ကျနော်သည် သူ့ကို လှည့်မကြည့် နူတ်မဆက်ဘဲ သူ့ရှေ့မှ ဖြတ်သွားသည်။
ကျနော် ထိုသို့ပြုမူသည်ကို သူသည်လည်း စိတ်ထိခိုက်ကာ မျက်နှာကလေး သိမ်ငယ်နေပြန်သည်။
ထိုနေ့မျိုးတွင် ကျနော်သည် သူရှိရာသို့ မသွားတော့။
“သူ့ကို မလုပ်စေချင်ဘူး။ ဒါပေမယ့် သူလုပ်ရမှာပေါ့လေ။ ဒါဟာ ရေစီးကြောင်း ဆိုရင် သူလဲ ရေဖြစ်တော့ ဒီရေစီးကြောင်းအတိုင်း မျောရမှာပေါ့။ ဒီလိုမှဘဲ သူတို့ မငတ်အောင် နေနိုင်မယ် သူ့အမေအတွက် ဆေးဝယ်နိုင်မယ် သိပ်မကြာသေးဘူး၊ ခု သူ့နားမှာ နားတောင်းလေး ဖြစ်လာပြီ။ သူ အဝတ်အစားကလေးတွေလည်း ပြိုးပြိုးပြက်ပြက် ဝတ်နိုင်လာဘီ၊ သူလုပ်တာ မှန်ပါတယ်၊ လုပ်ရမှာပေါ့"
ကျနော်ကား ဂါတ်တွဲနောက်ဖက် ဝရံတာတွင် ထွက်ရပ်ရင်း ထိုအတွေးများကိုသာ ထပ်ကာ ပြန်ကာ တွေးနေရ၏။ အရာရာကို ဦးနှောက် အလေးပေးကာ ပိုင်းဖြတ်နေ၏။
ညနေဘက်များတွင် မှောင်ရီပျိုးစ ပြုလာလျှင် ကျနော်သည် ဟိုစဉ်ကလိုပင် သူ့အနား၌ သွားထိုင်သည်။
“ရဲတွေကို ပိုက်ဆံပေးစရာရှိရင် မှန်မှန်ပေးနော်၊ ငွေတော့ ရှော့မပေးနဲ့” ဟု ကျနော်သည် နှစ်ယောက်ကြားသာပြောကာ မပြတ် သတိပေးနေတတ်သည်။
YOU ARE READING
မသိန်းရှင်ဆီ ပို့ပေးပါ
RandomSources from Facebook.... Transcribed without any editing.