အပိုင်း - ၁၃ ( Z )

414 34 2
                                    






    သူက လိုက်ခဲ့ဆိုတော့လည်း ငြင်းခွင့်လေးတောင်မရှိဘဲ လိုက်လာခဲ့ရပေမဲ့ ရောက်လာတဲ့နေရာကိုမြင်လိုက်တာနဲ့ လွန့်စိတ်တွေ ဗြောင်းဆန်ကုန်တာပါ..။

    ရွှေတောင်ကြားလမ်းက လူချမ်းသာအိမ်တစ်အိမ်ပဲဆိုပေမဲ့ ခြံနဲ့ဝန်းကိုမြင်တာနဲ့ ဘယ်သူ့အိမ်လဲဆိုတာ တန်းသိလိုက်တဲ့အထိ သူ ဒီကို ခဏတိုင်းရောက်ဖူးသည်။ ဒါပေမဲ့ နိုင်ငံဦးသျှောင်ဆိုတဲ့ကောင်က ရောက်လာစရာအကြောင်းရှိလို့လား..

        “လာ..‌ မောင်ရင်ဦးသျှောင် ကျုပ်တို့ မောင်ရင်ကိုစောင့်နေတာ”

    အိမ်တံခါးကိုကျော်ဝင်လိုက်တာနဲ့ အိမ်ထောင်ဦးစီးဖြစ်တဲ့ ဦးဇော်သီဟက ရှေ့ဆုံးမှကြိုကာ သူ့နောက်မှာတော့ ဒေါ်ပုလဲသွယ်နဲ့ သိမ့်ကပါ ကပ်လျက်။ ဦးသျှောင်ကိုမြင်တော့ သိမ့်ပါးလေးတွေ ပန်းသွေးဥသွားပေမဲ့ ဒေါ်ပုလဲသွယ်နောက်မှာပဲ ရှက်ပြုံးကလေးနဲ့နှုတ်ဆက်ရှာသည်။

        “ရောက်လာတာ အချိန်ကိုက်ပဲ မောင်ရင်ဦးသျှောင်။ ကျုပ့်မိန်းမလက်ရာကို မောင်ရင် ခံတွင်းမတွေ့မှာစိုးလို့ ဟော်တယ်က စားဖိုမှူးတွေ ငှားထားတာ..အခုပဲ ပြင်လို့ဆင်လို့ပြီးတယ်..”

    အားပါးတရပြောနေရင်းကပဲ ဦးသျှောင်နောက်မှာပါလာတဲ့ လွန့်ကိုသတိထားမိလိုက်ပြီး ဦးဇော်သီဟ အံ့ဩသွားကာ သတိလက်လွက် အသံတိမ်ဝင်သွားခဲ့ပေမဲ့ ခဏလေး။ ချက်ချင်းပဲ လွန့်ကိုမသိဟန်ဆောင်လိုက်ကာ အကြည့်လွှဲပစ်လိုက်တာက ဘယ်တုန်းကမှ မမြင်ဖူးခဲ့သလိုလို။

    အကြီးအကဲအနားမှာ ကိုယ်ပွားလိုရှိနေခဲ့သူက ဘယ်ကနေဘယ်လို မောင်ရင်ဦးသျှောင်နားရောက်လာရသလဲဆိုတာတွေ သိချင်သလိုရှိပေမဲ့ ကိုယ့်ကိုမထိခိုက်ဖို့က ပိုအရေးကြီးတာကြောင့် အကြီးအကဲနဲ့ပူးပေါင်းခဲ့တာကို မောင်ရင်ဦးသျှောင်သိလို့မဖြစ်..

        “ဒင်နာကို ပြင်ပြီးပြီ မောင်ရင်။ အားမနာနဲ့ ကိုယ့်အိမ်လိုပဲ သဘောထား.. သိမ့် မောင်ရင်ဦးသျှောင်ကို ထမင်းစားခန်းထဲခေါ်သွားပေးလိုက်ပါဦး”

        “ဟုတ်ကဲ့ ဒယ်ဒီ.. ကိုကို ဒီဘက်”

    ဦးဇော်သီဟကို ခေါင်းလေးငြိမ့်ပြပြီး ဦးသျှောင်ကိုကြည့်လိုက်ရင်း တွဲခေါ်တော့မယ့်အလား ကြည်ဖြူသွားပုံလေးက ချစ်စရာပါ။

"Armed affection"Where stories live. Discover now