Chapter 2

20 2 4
                                    

တစ်လမ်းလုံးဘေးကနေ ရေသောက်ချင်တယ် မုန့်စားချင်တယ် သီချင်းဖွင့် အဲကွန်းဖွင့်နဲ့ ဂျီကျပြီးတဲ့နောက် ထိုကလေးကိုလက်စွပ်ရွေးရန်အောင်အောင်မြင်မြင်ခေါ်လာနိုင်ခဲ့သည်။ ဒါတောင် ဝယ်ပေးတဲ့မုန့်ကသူစားချင်တာမဟုတ်လို့ သီချင်းကသူကြိုက်တာမဟုတ်လို့နဲ့ဂျစ်တိုက်နေသေးတာ တကယ်ငမွှေထိုးကောင်လေး။

ဆိုင်ထဲကိုဝင်လိုက်တော့ ကောင်မလေးတစ်ယောက်ကလာကြိုစို၏။ Chrisသူ့ကိုမသိသလို သူကလည်းChrisကိုမသိတာကြောင့် အသစ်ဖြစ်မည်ဟုယူဆရသည်။

ထိုကောင်မလေးကပစ္စည်းအရင်မပြဘဲ ဘေးကကောင်လေးကိုကြည့်နေကာ

"ကလေးအမေကောမပါဘူးလား Mr"

ပျူငှာစွာပြောသည့်လေသံဆိုသော်လည်း Chrisအတွက်နားထောင်ရဆိုးနေသည်မှာအသေအချာ။

သူတို့ကိုသားဖလို့အထင်မှားနေတာမဟုတ်လား မကြာခင် လက်ထပ်မယ့်သူတွေကိုလေ..??။ Chrisလဲအဲ့လောက်အသက်မကြီးသေးပါဘူး။

ဘေးကဆွန်းမင်းကတော့ကြိတ်ရယ်နေသည်။

"မဟုတ်ဘူး လက်ထပ်မယ့်သူတွေပါ"

" အာ တောင်းပန်ပါတယ် Mrနဲ့Mr"

"ရပါတယ်"

.
.
.

"ဒါလေး ကြိုက်လား"

"အဘိုးကြီးသဘော"

အခေါ်အဝေါ်ကြောင့်Chrisမျက်ခုံးတွေတွန့်ချိုးသွားမိသည်။ နှစ်ယောက်တည်းရှိနေချိန်မှာဘယ်လိုနေနေအဆင်ပြေပေမယ့် လူကြားထဲကျ ရှက်ဖို့ကောင်းသည်ဟုတ်လား။

မသိရင်ကိုယ်ကဘဲအသက်မပြည့်သေးတဲ့ကလေးကိုမတရားကြံနေသလို..။

"ဘယ်လိုတွေခေါ်နေတာလည်း Seungmin!"

"ဘာတွေအော်နေတာလည်း ဒီမှာမုန့်စားနေတယ်"

မချေမငံဖြင့်ကောင်လေးကိုChrisလှည့်လိုက်သည်။

ဟုတ်ပါရဲ့ ဝန်ထမ်းကောင်မလေးပေးတာထင်ရသည့်ဂျယ်လီကိုဆိုဖာပေါ် တက်ထိုင်ပြီးအေးဆေးစားသောက်နေတာ။  တစ်ထုပ်ကိုဖောက်စားနေပြီး လက်ထဲမှာနောက်တစ်ထုပ်လဲရှိသေးသည်။

ဒီကလေးနဲ့ဘယ်လိုများနှစ်ပါးသွားရပါတော့မလဲ။

⋆⋆⋆

လက်စွပ်ရွေးပြီး ရက်ပင်မခြားလိုက် အမေတို့ကတန်းပြီးအတူနေခိုင်းသည်။ လက်မထပ်ခင်ရင်းနှီးနေရမယ်ဟုဆိုတာတစ်အိမ်ထဲအတင်းနေခိုင်းခြင်း ။

Chrisကတစ်ယောက်တည်းနေသည်မို့ Seungminဟာ Chrisအိမ်တွင်လိုက်နေရမည်ဖြစ်သည်။ Chrisမိဘတွေကတော့ နှစ်ယောက်ကိုတစ်အိမ်ထဲနေကြတော့ဟုပြောပြီး Aussieကိုညတွင်းခြင်းပြန်သွားကြပြီ။

Seungminကိုသွားမခေါ်ခင် Chris အမေနဲ့ဖုန်းပြောနေတာဖြစ်သည်။

"အဲ့လောက်မြန်မှဖြစ်မှာလား"

"Chrisရယ် ကလေးကလိမ္မာပါတယ် မင်းချစ်သွားမှာပါ"

"အိုး ဘယ်မှာလိမ္မာလို့လဲဗျာ ငမွှေထိုးကို"

"မင်းငယ်ငယ်ကကျတော့ ဒီကလေးကိုမရခင် သေရပါမယ်ဆို"

"ဘာရယ် ??"

အမေ့စကားကြောင့် ဦးနှောက်ကိုခပ်မြန်မြန်အလုပ်ပေးလိုက်မိသည်။ သူကအဲ့လိုပြောခဲ့တာလား။

ဘယ်တုန်းကလည်း ဘာလို့လည်း မဖြစ်နိုင်တာ။

မွေးကင်းစခွေးပေါက်ကလေးလိုမျက်နှာနဲ့ နို့နံ့တောင်မစင်တဲ့အထက်တန်းကျောင်းသားကိုလေ?? သူကဘယ်လိုပြောခဲ့တာတဲ့? ဘာတဲ့? "မရရင် သေရပါမယ်" တဲ့ ။

မဖြစ်နိုင်ဘူးဆိုသည့်စကားကိုသာပြောရင်း အမေ့ကိုနှုတ်ဆက်ကာ ဖုန်းချလိုက်သည်။

⋆⋆⋆⋆

အဘိုးကြီးကို မနေ့ကလိုစောင့်ခိုင်းမိမှာစိုးတာကြောင့် ဆွန်းမင်းစောစောထကာ ရေချိုးအဝတ်လဲလိုက်သည်။

အဖြူရောင်ရှပ်အင်္ကျီကို ဂျင်းအနက်ရောင်ဖြင့်တွဲဝတ်ကာ ကြယ်သီးနှစ်လုံးဖြုတ်ဖို့လဲမမေ့ ။ ရှိုးတော့အပဲ့မခံနိုင်ပါ။

အမှန်ပြောရရင် စိတ်လှုပ်ရှားပါသည်။ သူစိမ်းတစ်ယောက်နှင့်အတူနေရမှာရယ် ထိုသူစိမ်းကခင်ပွန်းလောင်းဖြစ်နေတာရယ်ကြောင့်ပင်။

တည်ငြိမ်မှုရှိမနေသည့်စိတ်ကြောင့် ရေချိုးခန်းတံခါးနှင့်နဖူးပင်မိတ်ဆက်လိုက်ရသေးသည်။

"ဆွန်းမင်း Chris Hyungရောက်နေပြီ"

"လာပြီ !!"

⋆⋆⋆

_Hazel_

You've reached the end of published parts.

⏰ Last updated: Oct 27 ⏰

Add this story to your Library to get notified about new parts!

Boss Chris and his problamWhere stories live. Discover now