Chapter 1

37 2 0
                                    

"လက်ထပ်ရမယ် အဲ့ဒီ အဘိုးကြီးနဲ့လေ "

ဆွန်းမင်းတစ်ယောက် အငွေ့လေးဖြစ်ပြီးသာ ကောင်းကင်ပေါ်ပျ့တက်သွားချင်တော့တာပါဘဲ။ အထက်တန်းကျောင်းသားလေးကိုအဘိုးကြီးနဲ့လက်ထပ်ပေးကြဖို့တဲ့လေ ဘယ်လိုတောင်ယုတ်တိမရှိတာလဲ ။

"မားမားကလည်း အဲ့ဘန်းအဘိုးကြီးကရုပ်ချောတာအပြင်ဘယ်နားကောင်းလို့လည်း စည်းကမ်းလည်းကြီး ရှေးရိုးလည်းစွဲ ဆူကလည်းဆူသေး အလုပ်အလုပ်ဘဲသိပြီးဂရုစိုက်တာကောလုပ်တက်လို့လား "

"အဲ့တော့ မင်းနီးကမယူဘူးလား"

"ယူမှာ....."

ရုပ်ချောတယ်မလား မယူနိုင်စရာအကြောင်းမရှိပါဘူး ၊ မင်းနီးကယုတ်တိမရှိဘူးလို့ဘဲပြောတာ မယူဘူးလို့မှမပြောခဲ့တာလေ ဟုတ်တယ်ဟုတ်?..။

အခုတောင် englishနမည်ကို Kim Sky ကနေ Sky Bahngလို့ နမည်ပြောင်းချင်နေပြီ ဟီးဟီး..

...................................................

လက်ထပ်ပွဲကနှစ်ပက်လောက်သာလိုတော့သည် ခန်းဝင်ပစ္စည်းတွေကိုလူကြီးတွေစိတ်တိုင်းကျရွေးချယ်ကြတာဖြစ်ပြီး ဝတ်စုံတွေကိုထိပ်တန်းဒီဇိုင်နာနှင့်အပ်ထားပြီးဖြစ်၏၊

အခုကျန်နေတာက လက်စွပ်ရွေးရန်ပင်။ လက်စွပ်သွားရွေးရန် ဆွန်းမင်းအားလာခေါ်တာဖြစ်သော်လည်း အထက်တန်းကျောင်းသားမှာကား ပြင်ဆင်စရာများနေသည့်ပုံပါပင် ၊ နာရီဝက်လောက်ကြာတာတောင် အခန်းထဲကထွက်မလာနိုင်သေး ။ အန်တီတို့ကပင် Chrisကိုမျက်နှာပူနေကြပြီ..။

"သား Chris အပေါ်တက်သွားကြည့်လိုက်ပါ ပုံမှန်ဆိုမင်းနီးကပြင်ဆင်တာကြာတက်တယ်"

အထက်ကျောင်းသား၏အဖေကအားနာနေဟန် အခန်းကိုပြပေးသည်။

"ရပါတယ် စောင့်လိုက်ပါမယ်"

Chrisငြင်းလိုက်သည်။ လက်ထပ်ရမယ်သူဆိုရင်တောင် လက်မထပ်ရသေးတာမို့ အခန်းထဲလက်လွတ်စပယ်မဝင်သင့်ပေ။

ဟော ဆင်းလာပါပြီ။ လှေကားပေါ်ကနေမျောက်လိုခုန်ပေါက်ပြီးဆင်းလာတဲ့အထက်တန်းကျောင်းသားရက ခဲရောင်Hoodieကို JeanသားOverallနဲ့တွဲဝတ်ထားကာ ခေါင်းပေါ်မှာ ယုန်လိုလိုခွေးလိုလို Beanieကစွပ်ထားသေး၏။ ဒီပုံစံကလက်ထပ်ချင်နေသေးတာ ကလေးစိတ်ကဖြင့်မပျောက်သေးဘူး။

Boss Chris and his problamWhere stories live. Discover now