Chapter-2
Nov 1st…
နေ့ရက်တွေတစ်ရက်ပြီးတစ်ရက်ပြီးဆုံးသွားပြီ။ မင်းနဲ့အဆက်သွယ်မရတာ ၆လ ကျော်လာပြီ။ ကိုယ်ရဲ့ အသည်းတွေလည်းစုတ်ပြတ်သတ်နေပြီ။ဆေးလိပ်နံ့တွေမွှန်နေပြီး ပြတင်းပေါက်မှ အလင်း တန်းတစ်ခုက မှိန်သဲ့သဲ့လေးဝင်နေသည်။ ကိုယ် ဒီအခန်းကြီးကဘယ်တော့မှလွတ်မြောက်မှာလဲ။
ဒီမှာဆက်ပြီးကြာကြာနေနေလျှင် စိတ်ရောဂါ အထူးကုဆေးရုံ ကကိုယ့်ကိုလာပြီးခေါ်တော့မယ်။
~ကလင် ကလင်~
သူများဖြစ်နေမလား။
"Hello?"
"Khun'Ling ရှာခိုင်းထားတဲ့ ဖုန်းနံပတ်တစ်ခုပဲရလာပါတယ်"
"အော်…"
နောက်ဆုံးတော့…။
^ ^ ^
ထိုင်းနိုင်ငံ၏ လူစည်ကားလှသော ညဘက် ဈေးပွဲတော်တစ်ခု။ည ၈နာရီဝန်းကျင်-"P'Tan ဒီနေ့ဒီကိုခေါ်လာပေးတာကျေးဇူးပါနော်"
"N'Orm အတွက်ပဲလေနော်"
"P'Tan…"
"မင်းဒီနေ့ ဒီအင်္ကျီလေးနဲ့သိပ်လှတာပဲ"
"ကျေးဇူးပါ"
"ကိုယ်တို့တူတူတစ်ရက်လောက်ထပ်သွားချင်သေးတယ် ကိုယ်မနက်ဖြန်ခွင့်ယူပေးမယ် မင်းနဲ့တူတူလျှောက်လည်ချင်တယ် အကယ်၍မင်းစိတ်ပါရင်ပေါ့…"
"အားနာပါတယ် P'Tan…ညီမ မအားလို့ပါ"
"ရပါတယ် မအားတော့လည်းနောက်နေ့ပေါ့"
"ဟုတ်ကဲ့"
"ဒီနေ့မပြန်ခင် N'Orm အတွက်ပြင်ပေးထားတာတစ်ခုရှိတယ်"
"ဟင်…"
"မင်းကအရမ်းလှနေတော့ ဒီညကိုယ်တို့ တကယ်လိုက်ဖက်ကျတယ်လို့ကိုယ်ထင်တယ် ဒီတော့ ကိုယ်က အရမ်းတော်တဲ့ ဓာတ်ပုံဆရာတစ်ယောက်ကိုငှားထားတယ်"
"ဓာတ်ပုံဆရာ-"
"ဆရာမပေါ့ သူက Italy မှာဆိုနာမည်ကြီးပဲ မင်းလိုချင်တဲ့ပုံမှန်သမျှ ရိုက်ပေးနိုင်တယ် ခဏနေလောက်ဆိုလာပြီထင်တယ်"
"ရှင်…"
"အခုတောင်ရောက်လာပြီ N'Ling!"
"P'Tan မင်္ဂလာပါ"