Chapter-6
Ling Italy ကအိမ်ကိုပြန်ရောက်ပြီ။ မနေတာကြာလို့ ဖုန်တွေတောင်တတ်နေပြီ။ဧည့်ခန်းမှ ဆိုဖာ အား ရုတ်တရက်ကြည့်လိုက်မိသည်။
ထိုအချိန် စိတ်ထဲမှ-
"P'Ling ပြောတော့ romantic movie ပါဆို ဘာလို့သရဲတွေပါလာတာလဲ!"
"ကိုယ်ဘယ်သိမလဲ ဆိုင်ကငှားလာတာလေ"
"P'Ling!"
"ဟား မင်းကလေးလဲမဟုတ်တော့ပဲ သရဲကြောက်နေသေးတာလား"
"ဟာ…တော်ပြီ အိမ်ပြန်မယ်"
Orm ထထွက်သွားသည်။
"ဟိတ် စတာလေ Nong!"
×××
Ling အရင်ကအကြောင်းတွေတွေးမိ၍ ပြုံးလိုက်မိသည်။တရက်ထဲအတွင်း တစ်အိမ်လုံးရှင်းလို့ပြီးသွားလေသည်။ထိုအချိန်ခြံထဲမှ အပင်များသွားရှင်းရန် အိမ်ထဲမှထွက်လာလေသည်။ စာတိုက်ပုန်း အောက်တွင်စာတစ်ဆောင်ကျနေသည်ကိုတွေ့လိုက်ရသည်။
"ဟင် ဒီစာကဘယ်ကတည်းကရောက်နေတာလဲ"
စာသည် လအတော်ကြာပြီဖြစ်၍ ဆေးတွေတောင်ပျက်ချင်နေပြီ။စာအားဖွင့်လိုက်သော်-
"P'Ling ဆီသို့
အခု P'Ling ဒီစာကိုဖတ်နေတဲ့အချိန် Nong မရှိတော့လောက်ဘူး။ အဖေက ပြဿနာတွေရှာပြီးထွက်ပြေးသွားတယ် အကြွေးရှင်က Nong ကို အရမ်းဆွဲလန်းနေတာ Nong မှာရွေးချယ်စရာမရှိဘူး။ P'Ling ကတော့မသိပေမဲ့ Nong P'Ling ကိုအရမ်းချစ်တယ်! P'Ling ကိုပဲလက်ထပ်ချင်တာ တစ်ဘဝလုံးကို P'Ling ကိုပဲပေးအပ်ချင်တာ။ ဒီစာကိုရေးပြီးမနက်ဖြန်ဆိုရင် Thai ကိုပြန်ရတော့မယ်။ Nong သာသူ့ကိုလက်မထပ်ရင် သူက အဖေရောအမေရောကိုသတ်ပစ်မယ်လို့ပြောတယ်
နှုတ်ဆက်ပါတယ်နော် P'Ling…Orm Kornnaphat"
"သွားပြီ…"
Ling စိတ်ထဲကိုဝင်လာတဲ့အတွေးတစ်ခု သူမအား ပို၍ မြန်မြန်လုပ်မှဖြစ်မည်ဟု တွေးစေလေသည်။
ညနေစောင်းနေပြီ။Ling ကားငှား၍ လေယာဉ်ကွင်းသို့မောင်းစေသည်။ ယနေ့ ညနေ ၏ နောက်ဆုံးလေယာဉ်တစ်စင်းသာကျန်တော့သည်။
^^^
16 နာရီအကြာ-~ကျွီ~
"P'Tan တံခါးခေါက်ပြီးမှ ဝင်လာဖို့ အတန်တန်မှာခဲ့ပါတယ်နော်…"