Intro
2K 138 16
Unicode
"တွေ့ပြီ.."
"ကျစ်! ဘာလို့ ငါလဲ"
"..."
လေညင်းသုန်သုန်က လူးလာဖြတ်တိုက်သွားပြီး ပျားရည်နဲ့
လီမွန်နံ့ ရောထွေးနေတဲ့ အနံ့သင်းသင်းက လေထဲပျံ့နှံ့လာတယ်။ ပိန်လှှီနေတဲ့ သူ့ခန္ဓာကိုယ်က အားမရှိစွာ ပင်လယ်လေနှင့်မြောပါသွားတော့မည့်ဟန်။ ဒီထက်ပိုပြီး ဘဝကြီးမှာ ရုန်းကန်နိုင်ခြင်းမရှိတော့ဘဲ လဲကျသွားမဲ့ သူ့ကိုပဲ အမြင်မကြည်ဟန်ဆောင်သော အယ်လ်ဖာက လက်မောင်းတွေနဲ့ထွေးဖက်ရင်း နှစ်သိမ့်ပေးလာခဲ့သည်။
ပင်လယ်ထဲနစ်မွန်းမှာကို မကြောက်ရွံ့မိတော့။ အေးစက် မှောင်မိုက်နေတဲ့ရေတွေကြားထဲ တစ်ယောက်ထဲ ပြုတ်ကျသွားတိုင်း သူ့အဆုတ်ထဲထိရောက်အောင် တိုးဝင်လာတတ်တဲ့ ငန်ကျိကျိပင်လယ်ရေတွေ။ သွေးရူးသွေးတန်းရုန်းကန်သော်လည်း ထိုရေတွေကြားထဲမှာ သူ့ဘဝကထူးခြားမလာခဲ့။
ထိုမျှထိ ကြောက်စရာကောင်းသော ပင်လယ်ထဲ၌ လမ်းပျောက်နေခဲ့သောသူ့အား ပင်လယ်ရနံ့သင်းပါသော လူကပင် ကယ်တင်ခဲ့သည်။
ငရဲအထိဆွဲချသွားမယ်ဆိုရင်တောင် မငြင်းဆန်ရက်ချင်တော့တဲ့ အဲဒီ့နွေးထွေးမှု။
ပင်လယ်ရဲ့ ရနံ့က သူ့တစ်ကိုယ်လုံးကိုရစ်သိုင်းသွားခဲ့၏။
အေးစက်မှောင်မိုက်နေတဲ့ ပင်လယ်ထဲမှာတောင် မင်းက နေရောင်ခြည်တွေဖြာကျပြီး လှိုင်းငြိမ်ငြိမ်လေးတွေနဲ့ သာယာငြိမ့်ငြောင်းနေတတ်တဲ့ နွေးထွေးတဲ့ ရေပြင်တစ်နေရာစာလို ဖြစ်တည်မှု။
ခန့်ထည် (ပင်လယ်ရနံ့ ဖယ်ရိုမုန်း)
ရှင်းသန့်နှင်းဆီ (ပျားရည်နှင့်လီမွန်ရောစပ်ထားသော ရနံ့ Honey Lemon)
Zawgyi
"တွေ့ပြီ.."
"ကျစ်! ဘာလို့ ငါလဲ"
"..."
"ချစ်လို့" / "ချစ်လို့"Where stories live. Discover now