အခန္း(၁)

1.3K 162 40
                                    

Unicode

နယ်ခြားမျဉ်းပေါ်ကအိမ်၌ သတ်ဖြတ်ပွဲဖြစ်အပြီး နှစ်နှစ်ခန့်အကြာတွင် အခြေအနေတွေအားလုံး ပြန်တည်ငြိမ်သွားခဲ့၏။ သူ့ Boss က လည်း မိသားစုနှင့်အချိန်ကုန်ဆုံးရန် ရွေးခြယ်ကာ အနားယူသွားခဲ့ပြီး သူကခေါင်းဆောင်နေရာကို ရောက်လာခဲ့တော့သည်။ ခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့ပေမဲ့ သူ့မှာလုပ်ပိုင်ခွင့် အာဏာအပြည့်အဝမရှိသေး၊ နာမည်ခံထားပြီး အလုပ်တွေကိုယ်စားဝင်လုပ်ပေးနေရုံ သပ်သပ်၊

ခေါင်းကိုက်စရာကောင်းသော ရာထူးအား ရရှိပြီးနောက် အားလပ်ချိန်များ လျော့ပါးလာသောသူ့အတွက် အလုပ်များလွန်းလို့ ယားလို့ပင်မကုတ်အားတော့။ လက်ထောက်ဘဝထဲက သူအလုပ်များတာဖြစ်၏။ အခုခေါင်းဆောင်ဖြစ်လာချိန်၌ ပိုဆိုးလာတော့သည်။

တည်တံ့က စီးပွားရေးနယ်ပယ်ထဲ ခြေချလာပြီး ထိုစီးပွားရေးအခြေတည်ငြိမ်သွားစေရန် သူကထပ်ပြီးကူညီနေရပြန်သည်။ အလုပ်တအားပိသွားတဲ့အတွက် တစ်ရက် သူရုတ်တရက်သတိမေ့လဲသွားတော့၏။

ခိုင်းကောင်းကောင်းနဲ့ခိုင်းနေပြီးမှ ခန့်ထည်တစ်ယောက် မေ့လဲသွားသည့်အခါ တည်တံ့က သေချာအနားယူစေဖို့ အချိန်သုံးလပေးလိုက်လေသည်။ ခန့်ထည်ခရီးထွက်နေစဉ်အတွင်း တည်တံ့ကအချိန်ဇယားတွေ ပြန်တည့်မတ်ပေးထားပြီး ခန့်ထည်ကို ကူညီပေးထားမည်သာ။

အဝေးပြေးလမ်းမပေါ်မှာ ကားလေးက ငြိမ့်ငြိမ့်လေး ပြေးနေပြီး မနှေးလွန်း မမြန်လွန်းအရှိန်ဖြင့်ဖြစ်သည်။ ကားမှန်ချထား၍ တဖြူးဖြူးတိုးဝင်လာသော လေပူများက နွေရာသီရဲ့ပြယုဒ်ကိုဆောင်နေ၏။ သစ်ပင်မရှိသော ပူပူလောင်လောင် လမ်းမကြီးထက်၌ အပူငွေ့တွေပင် လျှံတက်နေပြီး ကားဖြတ်သွားသည့်အခါ ဖုန်တသောသောထလျက် ကျန်ခဲ့လေသည်။

အနီရောင်ပန်းပွင့်အကြီးတွေပါသော ဟာဝိုင်အီ အင်္ကျီလက်တိုကို ဝတ်ထားပြီး short pants နှင့်ဖြစ်သည်။ နှာခေါင်းရိုးပေါ်တွင် နေကာမျက်မှန်တစ်လက်ကို ခပ်လျော့လျော့တင်ထားပြီး
သူကအမြဲ ရှပ်အင်္ကျီတွေနှင့်စတိုင်ပန်ကိုသာ မထပ်အောင်ဝတ်ဆင်ခဲ့တာမို့ ဒီလိုလွတ်လပ်ပေါ့ပါးတဲ့ ပုံစံမျိုး မြင်ရဖို့ဟာရှားသည်။

"ခ်စ္လို႔" / "ချစ်လို့"Where stories live. Discover now