နာမည်ကြီးလုပ်ငန်းဖြစ်တဲ့ Paradise of Ramen ရဲ့ CEO ဖြစ်သူ LEE HEESEUNG သည် ကုမ္ပဏီရဲ့ နှစ်ပတ်လည် dinner ပွဲကို တက်ရောက်လာတာကြောင့် မီဒီယာသတင်းထောက်သမားများသည် ဆူညံပွက်လောရိုက်ကုန်ကြသည်။
CEO ဖြစ်သူရဲ့ ဂုဏ်သတင်းသည် ကျော်ဇောပြီး ဘယ်သူဘယ်ဝါမှ မော့မကြည့်ရဲလောက်အောင် အရှိန်အဝါကြီးသူလည်းဖြစ်သည်။ဒါ့အပြင် သူ့မှာ အီဂျယ်ယွန်းလို့ ခေါ်တဲ့ မွေးစားသားတစ်ယောက်ပါရှိနေသေးသည်။
ယခုတွင် မီဒီယာသမားများ ဆူညံပွက်လောထနေရခြင်းမှာ ဘယ်သူမှမမြင်ဖူးတဲ့ သူ့ရဲ့မွေးစားသားဖြစ်သူ အီဂျယ်ယွန်းပါ ပွဲတက်လာသောကြောင့်ဖြစ်သည်။မွေးစားသားဆိုသည်ထက် သူတာဝန်ယူထားတဲ့ ကလေးဆိုပိုမှန်လိမ့်မည်။
"ဂျယ်ယွန်း ဒီနားမှာစောင့်နေနော်"
"ဟုတ်ကဲ့ ကိုကို"
"ဒါမှမဟုတ်လဲ လိုက်ခဲ့ချင်လား ကိုကိုနဲ့"
"ဟုတ် ကိုကို"
ဂျယ်ယွန်းက လူကြောက်တတ်တဲ့ ကလေးဖြစ်တာကြောင့် သူမရှိတဲ့နေရာမှာ တစ်ယောက်ထဲထားခဲ့ဖို့ သူစိတ်မချပေ။
"အဆင်ပြေရဲ့လား ယွန်း"
"ရပါတယ် ကိုကို"
"အင်း စိတ်မပူနဲ့နော် ကိုကိုရှိတယ်"
စိတ်ငြိမ်အောင် ဂျယ်ယွန်းရဲ့ နဖူးကို ကိုကိုက ညင်ညင်သာသာလေး နမ်းလာတာကြောင့် သူပွဲထဲဝင်လာတုန်းကလောက် စိတ်မလှုပ်ရှားတော့ပေ။
"ကိုကို လူတွေရှိနေတယ်လေ"
"ဟိုဘက်နားကိုသွားရအောင် ယွန်း"
အီဟီဆွန်း လက်ဆွဲခေါ်ရာနောက်ကို ငြိမ်ငြိမ်ကလေးလိုက်လာသော ဂျယ်ယွန်းက အထွန့်တက်မှုတစ်စုံတစ်ရာမှ ရှိမလာပေ။သူဆွဲခေါ်သွားတဲ့နေရာက VVIP တွေအတွက် အထူးတလည်ပြင်ဆင်ပေးထားတဲ့ စားပွဲခုံတစ်ခုကိုဖြစ်လေသည်။
"ဒီမှာထိုင်နေနော် ယွန်း ကိုကို စကားပြောပြီးတာနဲ့ပြန်လာခဲ့မယ်"
"ဟုတ်ကဲ့ ကိုကို"
ဟီဆွန်းလဲ သူ့စကားပြောရမယ့် စင်ပေါ်သို့တက်သွားတာနဲ့ ပွဲအတွင်းရှိ လက်ခုပ်တီးအားပေးသံတွေက ဟိန်းခနဲ ထွက်လာလေသည်။
