ကိုယ်တို့ ပထမဆုံးတွေတဲ့ မေလကတည်းက ကိုယ့်ရဲ့ရာသီအားလုံးက မင်းတစ်ယောက်တည်းပဲ
သစ်ပင်တွေရဲ့ ဝန်းရံထားမှုကြောင့် နေရောင်လေးက ကောင်းကောင်းဖြာကျလို့ မရဘဲ ဟိုနေရာ တစ်ကွက် သည်နေရာ တစ်ကွက် ဖြာကျနေမှုမှာ နေရောင်ရဲ့ အဝါရောင်နဲ့ သစ်ပင်များရဲ့ အစိမ်းရောင်က ပနှံသင့်လျက်
ဒီလို ရာသီဥတုမျိုးမှာ အမေရိကာနိုလေးတစ်ခွက်လောက်သောက်လိုက်ရင် ကောင်းမှာပဲလို့ တွေးမိတော့ ခြေလှမ်းများက ကော်ဖီဆိုင်သို့
ကော်ဖီဆိုင်၏ အပြင်အဆင်မှာလည်း အစိမ်းရောင်နှင့် အဝါရောင်ကိုပဲ သုံးထားကာ ဆွဲဆောင်မှုရှိစွာ ထိုအထဲ အမေရိကာနို၏ အရသာပေါင်းထည့်လိုက်တော့ Perfect ဖြစ်သွားသည်ကို ကျေနပ်စွာ ပြုံးနေမိသည်။
ထိုအချိန် နေရောင်အောက်တွင် ပြုံးရောင်သန်းကာ ဖြတ်သွားနေတဲ့ ကောင်လေးတစ်ယောက်
ဆံပင်ကို blonde ဆိုးထားပြီး နေရောင်အောက်တွင်လမ်းလျှောက်နေသောကြောင့် အရှိန်အဝါများထွက်နေသလို
ထိုသူသည် ဂျိုရှူအာထိုင်နေသော ကော်ဖီဆိုင်ထဲကို ဝင်လာပြီးလျှင် အမေရိကာနိုကိုပဲ မှာကာ ဂျိုရှုအာနှင့်မလှမ်းမကမ်း ခုံတွင် ဝင်ထိုင်လိုက်သည်။
ထို့နောက် စိတ်ရှုပ်လာ၍ ထင်သည်။ အသင့်ဆောင်ထားသော ခေါင်းစည်းကွင်းလေးနဲ့ သူ့ရဲ့ ဂုတ်ထောက်နေသော ဆံပင်များကို စည်းလိုက်တော့မှ ပေါ်လာသည့် မျက်နှာလှလှလေး။
သက်ရှိ နေရောင်ခြည်လေးကို ကြည့်လိုက်ရသော ဂျိုရှူအာမှာ တမေ့တမော ယောက်ျားလေးတစ်ယောက်က အဲ့လောက်တောင် လှရက်ရလား ဟူသည့်မေးခွန်းများသည်ပင် ခေါင်းထဲတွင် ထပ်လျက်
ထိုအချိန် ဒီဘက်ကို လျှောက်လာသည့် သက်ရှိရောင်ခြည်လေး
"ဂျိုရှူအာ ရှူအာ မလားဟင်"
"အာ သိတာလား ဟုတ် ဟုတ်ပါတယ်ဗျ"
တိုက်ဆိုင်စွာပင် ထို သူဆီမှ အရင် နှုတ်ဆက်လာသည်။ အသံလေးကလည်း ချိုသာပြီး ပျားရည်လောင်းလိုက်သကဲ့လို့ပင်
YOU ARE READING
Love In The Green Trees With Sunlight
Short Storyအဝါရောင်နဲ့ အစိမ်းရောင်နဲ့ ပနှံသင့်တဲ့ လိုက်ဖက်မှုနဲ့ အမေရိကာနိုရဲ့ ပေါင်းစပ်မှုက ယွန်းဂျောင်ဟန်လိုပဲ တစ်သက်တာ စွဲလန်းသွားဖို့လုံလောက်တယ်။