part1 (ဇာတ်ကောင်မိတ်)

2.1K 62 6
                                    


"မငိုပါနဲ့တော့ ကလေးရယ်။

"အဟင့်..အင့် အခု..အခုဆိုရင် ပျိုတို့ဘဝထဲက သမီးလေးပျောက်သွားတာ 5နှစ်ပြည့်ပြီးနော် သမီးလေးအသက်ရှင်ရဲ့လား တခြားလူရဲ့လက်ထဲမှာဘယ်လိုများနေမလဲ မသိဘူး...

"ကိုယ်စုံစမ်းပေးနေတယ် သမီးလေးပျောက်သွားတာ ကလေးရဲ့ညီမနဲ့ လုံးဝသက်ဆိုင်နေတယ်ထင်တယ်

ကျူးလစ်ပျိုရဲ့သမီးလေးက ပျောက်သွားတာ 5နှစ်တောင်ရှိပြီးဖစ်သည် အခုဆို သူမတို့မှာ စောတေဇနဲ့ မင်းတေဇတို့သားနှစ်ယောက်သာ ကျန်ခဲ့သည် ကျူးလစ်ပျိုကတော့ အချိန်တိုင်း သတိရတဲ့ မျက်ရည်နဲ့မျက်ခွက်

💚💚💚💚💚💚💚

​ပဲခူးမြို့တစ်နေရာမှ မိဘမဲ့ဂေယာ..

"ငါ့ ကိုကို အနိုင်မကျင့်နဲ့ဖယ်စမ်း ။

"ဟားဟားဟား ချီးကြောက်မောင်နှမတွေ ... ဝိုင်းရိုက်ကြမယ်..

"မရိုက်နဲ့ဖယ်စမ်း နင်တို့ကိုမေမေလေးနဲ့တိုင်ပစ်မှာနော်..

10နှစ်အရွယ် ဆံပင်အညိုရောင်ကောက်ကောက်နဲ့ကောင်မလေး အသားဖြူပြီး မျက်လုံးကအညိုရောင်လေးသန်းနေတာကြောင့် အတော်လေးချစ်ဖို့ကောင်းသလိုအရမ်းလဲစွာသည်

"ငယ်, ဖယ် ကိုကိုရှင်းမယ်

"မရဘူး ဒီလူဆိုးကောင်တွေကို မေမေလေးနဲ့တိုင်ပစ်မယ်

အညိုရောင်ဆံပင်လေးကာကွယ်ပေးနေတဲ့ကောင်လေးကတော့ အဖေကSwiss, အမေက မြန်မာ ကောင်လေးကတော့ အသားဖြူဖြူ မျက်လုံးအပြာလေးနဲ့ အသက်အားဖြင့်13နှစ်ခန့်ရှိသည် သူမတို့နှစ်ယောက်က အကြောင်းကြောင်းကြောင့် ထိုမိဘမဲ့ဂေယာမှာ ရောက်လာခဲ့ပေမဲ့ စစတွေ့ချင်း သံယောဇဥ်တွေတွယ်သွားကြသည် အခုဆိုရင် သူမတို့နှစ်ယောက် သံယောဇဥ်တွေ က အတော်လေးနက်ရှိုင်းနေပြီးဖစ်၏ ကောင်လေးက တခြားကလေးတွေနဲ့မတူပဲ မျက်လုံးအပြာလေးဖစ်နေတာကြောင့် စုန်မရဲ့သားဆိုပြီး အမြဲလိုလို နှိမ်ခံရသည် ဂေယာကဆရာမပြောလဲ ခဏပဲ နောက်ကျရင်အရင်တိုင်း နှိပ်စက်မြဲနှိပ်စက်ကြသည် ထိုကလေးတွေထဲမှာ15နှစ်အရွယ်ဝင်အောင်ဆိုတဲ့ ကလေးက ဂေယာရဲ့ကလေးတွေအားလုံးကိုအနိုင်ကျင့်လေ့ရှိသည် ကလေးတွေအားလုံးကလဲ သူသေဆိုရှင်ဆိုရှင်သာဖစ်၏ အကောင်ကြီးသလို ဝလဲဝ..

"နင်ဖယ်စမ်း မိငယ် ။

"မဖယ်ဘူး ကိုကို့ကိုထိရဲရင် ထိကြည့် အကုန်ပြန်ကိုက်ပစ်မယ် ..

"ဟာ..တောက်စ်..ဖယ်စမ်း.. အား...ကိုက်...အားကို်ကနေပီး.. အား မေမေလေးရေ သားကို မိငယ်ကိုက်နေတယ်..

မဖယ်ပဲအရှေ့တိုးလာတာကြောင့် မေကျူးလစ်လေးအားပါပါဖိကိုက်ပစ်လိုက်တာကြောင့် ဝင်အောင် ငိုပါလေရော

"ဘယ်လိုဖစ်နေကျတာလဲ ။

"သားကို မိငယ်ကိုက်တယ် ဟီး..

"မေမေလေး, သူက အရင် ကိုကို့ကိုထုမလို့လုပ်တာ..အဲ့ဒါကြောင့် ကိုကို့ကိုငယ် ကာကွယ်ပေးတာ မေမေလေး..

"ဟုတ်သလား, ဇေး

"ဟုတ်ပါတယ် မေမေလေး

"ကဲ  ဝင်အောင် သားကအပစ်လုပ်ထားတဲ့အတွက် နောက်ဖေးက ညီမလေးတွေညီလေးတွေစားထားတဲ့ပန်ကန်တွေကို ကူဆေးရမယ်.. ပြီးတော့ ငယ်ကလဲ ကိုကိုဝင်အောင်ကိုအသားနာအောင်ကိုက်တဲ့အတွက် ဂေယာအရှေ့ကမြက်ပင်လေးတွေကိုကုန်အောင်နှုတ်ရမယ်..သွားသွား...

မေကျူးလစ်နဲ့ဝင်အောင်ကိုအပစ်ပေးလိုက်တာကြောင့် ဇေးမကျေနပ်ပေ ထိုအပစ်ကို သူ့ကြောင့် မေကျူးလစ်အပစ်ပေးခံရမှာမလိုလား

"သားကြောင့် အခုလိုဖစ်ရတာပါ သားလဲ ငယ်နဲ့တူတူအပစ်ပေးပေးပါ...

သူမတို့နှစ်ယောက်အကြောင်းကိုသိနေတဲ့ မေမေလေးခေါ် ဒေါ်အမရာကတော့ ပြုံးပြုံးကြီး

"အေအေ, သဘောသဘော

နှစ်ယောက်သား လက်ဆွဲပီး မြက်ပင်တွေရှိရာကို ပြေးလာကြသည်

"ကိုကို,

"ပြောလေ ငယ်,

"ငယ်ကြီးလာရင် ကိုကိုနဲ့တူတူ အဲ့လိုလှတဲ့မြက်ခင်းပြင်ကြီးတွေမှာ ပန်းပင်လေးတွေနဲ့အိမ်ဆောင့်ပီးနေမယ်နော်..

"ကိုကိုလဲ ငယ့်ကို အိမ်လှလှလေးဆောင့်ပြီး ဂါဝန်ကားကားလေးတွေဝယ်ပေးမယ် ပီးရင် ဘာဘီလေးထိုင်တဲ့ခုံလေးပါဝယ်ပေးပြီး ထိုင်ခိုင်မယ်..

"ဟီး..ပျော်လိုက်တာ ဒါဆို ငယ်က ဘုရင်မလေးပေါ့လေ..

"ဒါပေါ့..

"ကိုကို ဒိအပင်လေးတွေကထိလိုက်ရင် ဘာလို့ပိတ်သွားတာလဲ..

"အဲ့ဒါပိတ်တာမဟုတ်ဘူး ငယ်ရဲ့ အိပ်ပျော်သွားတာ သူတို့က လူတွေထိတာနဲ့အရမ်းအိပ်ချင်ကြတာ..

"​ဒီပန်းစုတ်ဖွားလေးတွေကရော..

"အဲ့ဒါက သူတို့ရဲ့ဘုရင်မလေးတွေလေ..

ထိုကလေးငယ်နှစ်ယောက်တူတူရှိနေတဲ့မြင်ကွင်းကအတော်ကြည်နူးဖို့ကောင်းလှသည်

ဒါကတော့ ကျူးလစ်ပျိုတို့သမီးလေးရဲ့ဇာတ်လမ်းသစ်လေးပါနော်

ချစ်ရပါသော ငယ်ချစ်ဦးလေး Where stories live. Discover now