အချိန်တွေက နေ့ကနေ ရက် ရက်ကနေလ... အလီလီပြောင်းလဲလာတာနဲ့အမျှ သူမတို့နှစ်ယောက်ကကြားကို ကောင်လေးတစ်ယောက် ထပ်ဝင်လာခဲ့သည်..
"သုတဖြိုးမောင်,
"ပြောလေ ဇေး
"မင်းက ဘယ်လိုဖစ်လို့ ငယ်နဲ့အရုပ်မပြိုင်လုနေတာလဲ..
"ဘာဖစ်ရမလဲ ငါက ဒီဘိုအရုပ်မလေးကို အရင်ရတာလေ မေမေလေးကိုယ်တိုင်က ဘိုအရုပ်မလေးငါ့အတွက်ပါဆိုပီးပေးတာ
"မင်းကယောကျ်ားလေးလေ အရုပ်မကြီး ဆော့ပြီး ခြောက်မလို့လား ..
သုတဖြိုးမောင်က ဇေးနဲ့ငယ်တို့ရဲ့ကြားကို ရောက်လာတည်းက အမြဲတမ်း မေကျူးလစ်ရဲ့အရုပ်မတွေ ဆံပင်စည်းတဲ့ခေါင်းစည်းကွင်းလေးတွေကို လုတတ်သည် ကျန်တဲ့အချိန်တွေ ပေါင်းရတာအဆင်ပြေပေမဲ့ အလှပနဲ့ပတ်သက်လာရင် သုတဖြိုးမောင်ကိုကတော့ အလျော့မပေးတတ်ပေ
"ငယ်မယူတော့ဘူး ကိုကို, ငယ်တို့စုံထောက်တမ်းကစားရအောင်နော် အဲ့သုတကိုမခေါ်နဲ့ သူ့တစ်ယောက်ထဲ ပေးကစားလိုက်..
"ဟုတ်ပါပြီး ငယ်သဘော ကိုကိုတို့ပဲ အပင်အောက်မှာသွားဆော့မယ်နော်
"ဟုတ်,
သုတဖြိုးမောင်ကို အရုပ်မနဲ့ချန်ထားခဲ့ပြီး ဇေးနဲ့ငယ်က ဆော့နေကျ အပင်အောက်ကို ထွက်လာခဲ့ကြသည်
❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️
"အဟွတ် အဟွတ်..
"သမီးရယ် ..ဟီး ငါ့သမီးရယ် ဘုရားသခင်ကောင်းကြီးပေးမှာပါ...
"မေမေ, အဟွတ် အဟွတ် သမီး.. သမီးရဲ့သားလေးကို ရအောင်ရှာပေးပါ..
နှစ်တွေအလီလီပြောင်းသွားတာတောင် သမီးဖစ်သူက ယခုထိတိုင် ဇေးကို ရှာဖို့ ဆန္ဒပြင်းထန်နေတုန်းသာ ဖစ်သည် Ah Sengကအသက်25အရွယ်မှာ တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲသွားရင် Swissသား Richardဆိုတဲ့ ကောင်လေးနဲ့ချစ်ကျွမ်းဝင်ခဲ့၏ နိုင်ငံခြားသားဆိုတော့ ကချင်မလေးAh Sengက ရိုးသားသူမို့ခံလိုက်ရပေမဲ့ သူမရဲ့မိခင်Mary Roi Samကတော့ သူမတို့မျိုးရိုးအရှက်ကွဲမှာကိုမလိုလား ဒါကြောင့် ပဲခူးမြို့ရဲ့ဂေယာတစ်ခုမှာ သူမရဲ့မြေဖစ်သူကို ပို့ခိုင်းထားတာ ငယ်ဘဝထဲကပင်ဖစိသည် ယခုသူမသမီးဖစ်သူအသဲသန်ဖစ်နေတာတောင် လုံးဝပြန်ခေါ်ပေးဖို့စိတ်ကူးမရှိ ဟန်ဆောင်ကောင်းလွန်းစွာ အတန်တန်မသိဘူး ရှာပေးမယ်လို့သာပြောသည် Mary Roi Samတို့မိသားစုက ပန်ဝါမြို့မှာ သတ္တုတွင်းများစွာပိုင်တဲ့ လူချမ်းသားမိသားစုပင်ဖစ်သည် ဖခင်ကတော့အေးဆေးပြီးတည်ငြိမ်တဲ့အမျိုးသားတစ်ဦး အလုပ်နဲ့မိသားစုကလွဲရင် ဘာမှစိတ်ထဲမရှိပေ သမီးဖစ်သူAh Sengကလဲ တစ်ဦးတည်းသော သမီး သူချမ်းသာ သားသမီးဖစ်ပေမဲ့ ဟော့ဟော့ရမ်းရမ်းမိန်းကလေးမဟုတ်ပေ အကြောင်းကြောင်းကြောင့် မှားသွားပေမဲ့ အမှားကိုပြင်ပြီးအမှန်ကိုလက်ခံကာ ပြန်ပြင်ဆင်ပေမဲ့ မိခင်ဖစ်သူရဲ့ လောဘတွေကြောင့် ယခုဆို သမီးဖစ်သူ အသက်မျော့မျော့လေးဖစ်နေတာတောင် ဂုဏ်သိက္ခာနဲ့ပတ်သက်တာကြောင့် ခေါင်းမာနေဆဲပင်..
YOU ARE READING
ချစ်ရပါသော ငယ်ချစ်ဦးလေး
Romanceဇေး=အဖြူရောင်နှင်းပွင့်လေးတွေရယ် Maple Leafလေးတွေရယ် နဲ့ ဆံပင်အညိုရောင်နဲ့ကောင်မလေးရယ် ရှိရင် ကိုကို့ ဘဝ ပြည့်စုံပါပြီး Tulipငယ်လေးရယ် မေကျူလစ်=တာဝန်နဲ့အချစ်ကို ရောမထားချင်ဘူး တာဝန်ကတာဝန် အချစ်ကအချစ်ပဲကိုကို.. မင်းခေတ်ငြိမ်းချမ်း=မင်းအမကြောင့် ကျတဲ့...