𝒆𝒑 (1)

117 5 2
                                    

𝑼𝒏𝒊

ကားးးးတစ်စီးဟာ ငြိမ့်ငြိမ့်လေးဖြင့် ခြံဝန်းကြီးတစ်ခုထဲသို့ ဖြည်းညင်းစွာ ဝင်လာ‌သည်

အချိန်ကား ည1နာရီ ခွဲပင်။ ခြံဝင်းထဲမှာကားစက်ရပ်ပြီး ဆင်းလာသော ဆရာဝန်ပေါက်စတစ်ယောက်။

"သားငယ်......ဓိခွန်းလေးရဲ့ အခြေအနေက ဘာတဲ့လဲကွယ်....
မာမီ့ကိုပြောပါဉီး"

ကားပေါ်ကဆင်းဆင်းခြင်း မာမီ့ကအလောတကြီးနဲ့ မေးလိုက်သည်က သားငယ် အဓိပတိခွန်းရဲ့ ကျန်းမာရေးအခြေအနေပင်....။

"သိပ်တော့မစိုးရိမ်ပါနဲ့ မာမီ.... ခွန်းငယ်က ဒီတိုင်းစိတ်လှုပ်ရှားလို့ နှလုံးတုန်နေရုံပါ"

သက်ပြင်းသဲ့သဲ့ကိုမသိမသာချရင်း စိတ်ချသွားသည့်ဟန်ဖြင့် မာမီက ခေါင်းငြိမ့်ပြသည်

"ဒယ်ဒီ....ခွန်းခွန်းရော"

အိပ်မှုန်စုံမွှားဖြင့် အိမ်အပေါ်ထပ်မှ ဝက်ဝံရုပ်လေး ဆွဲပြီးဆင်းလာသည့် သမီးလေးက သူ့မောင်ငယ်ကိုမေးရှာသည်

"ဒယ်ဒီ့ မင်းသမီးလေး သွန်းငယ်နိုးလာပြီလား......
လာပါဦး ဒယ်ဒီ့ဆီကို"

ချစ်စရာသမီးလေးကို အနောင် ကောက်ပွေ့ကာချီလိုက်သည်

"ခွန်းခွန်းရောဟင် သူက သွန်းသွန်းနဲ့လဲလာမဆော့ဘူး"

"ခွန်းခွန်းက နေမကောင်းလို့ ဦးဦးတွေဆီခနသွားနေရတယ်ကွယ့် သိပ်မကြာဘူးပြန်လာတော့မှာနော်....သမီးလေး ဒယ်ဒီတို့ ခရီးထွက်ကြမလား "

"ဘယ်ကိုသွားမှာလဲ ဒယ်ဒီ"

မျက်လုံးလေးတွေဝိုင်းစက်ကာ ပြန်မေးလာတဲ့ သွန်းသွန်းလေးကို ဖွဖွလေးနမ်းကာပြုံးပြလိုက်သည်

"ဒယ်ဒီ့ သူငယ်ချင်းရဲ့ရွာပါ အေးလဲအေးချမ်းပြီး လေကောင်းလေသန့်လဲရလို့ ခွန်းခွန်းလေးလဲနေရအဆင်ပြေပြီး သွန်းသွန်းလဲအများကြီးဆော့လို့ရအောင်လို့လေ "

"ရေးးးးး လိုက်မယ် ဆော့လဲဆော့မယ် "

လက်ခုပ်လက်ဝါးတီးကာပျော်နေသော အသည်းတစ်ခြမ်းလေးကြောင့် အနောင် ပြုံးမိပါသေးသည်။ အနောင်ကအနေအေးပြီးတည်ငြိမ်သောသူ ဒီလိုနှစ်ခြိုက်စွာပြုံးတတ်သည်က သားနှင့်သမီးကြောင့်ပင်။ ထို့ကြောင့် သားနှင့်သမီးက အနောင့် အသည်းတစ်ခြမ်းဆီ ရထားကြသော သီးသန့်လူသားလေးတွေဖြစ်သည်

"ငါ့ယောက်ျားက 𝑺𝒊𝒏𝒈𝒍𝒆 𝑭𝒂𝒕𝒉𝒆𝒓"Where stories live. Discover now