Part-8(Unicode)

860 65 8
                                    

[An/စာလုံးရေ - 8000 ကျော်ပါတယ်ဗျ။ကျွန်တော်က တစ်ပိုင်းတစ်ပိုင်းကို တိုတိုလေးတွေ မရေးတက်ပါဘူး]...enjoy
~~~~~~~~~~~~~~

''မြူကရော...ကိုယ့်ကိုဘယ်လိုမြင်လဲဟင်...အသက်ကြီးနေပြီလို့ထင်လား...''

''မထင်ပါဘူး...ဉီးကအချောဆုံးဘဲ ကျွန်တော်ကြီးကြီးထား တို့ အခန်းမှာ သွားသွားကြည့်တဲ့ ကိုရီးယား ကားထဲက မင်းသားတွေထက်တောင်ပိုချောသေးတယ်....ဟီးဟီး''

''အတည်လား...''

''ဟုတ်..အတည်ပြောတာ ''

Gummy smile နဲ့ သတ်နေတာဘဲ မင်းက....

Nathan လဲ သန့်စင်ခန်း ထဲရောက်တော့ ဘာမှလုပ်စရာမရှိဘဲ ဒီအတိုင်း လစ်ထွက်လာတာ ဖြစ်သည့်အတွက် ဘိုထိုင် မှာ ဝင်ထိုင်ရင်း ဖုန်းခဏသုံးမည်ဟု တွေးလိုက်၏။internet စဖွင့်လိုက်တာနဲ့ပင် notiသံ တစ်ကွမ်ကွမ် ဖြင့် တောက်လျှောက်ဝင်လာသော message 7 စောင်ကို တန်းတွေ့လိုက်ရသည်။

အနဲငယ်တော့ ထူးဆန်းတယ်....ခါတိုင်း ရက်တွေတွင် ကိုယ့်ကို message ပို့တက်တဲ့သူက robinနဲ့ လရောင်လျှံ ဘဲ ရှိတာပါ။ ဆရာကလဲ message ပို့ပြီး စကားပြောရတာမျိုး မကြိုက် ၊ ခိုင်းစရာရှိလျှင်ဖုန်းဆက်ပြီးတော့ဘဲ ခေါ်တက်သည့် လူပင်။
ပြီးတော့လဲ ကိုယ်က social media တွင်တွင်ကျယ်ကျယ် သုံးတဲ့လူလဲ မဟုတ်တာကို၊ ဖွင့်တဲ့ အကောင့်တွေမှာ pfပုံ ထည့်ရတာကိုတောင် ပျင်းလို့ ဒီအတိုင်း ပြစ်ထားတာ.... တခါတလေ မှသာ vd အနဲငယ် ကြည့်တာလောက်ဘဲလုပ်သည်။

''ဘယ်ကကောင်တုန်း...ထူးဆန်းလိုက်တာ...''

ပို့ထားတဲ့အချိန်က အရင်၁နာရီခွဲလောက်ထဲကပင် ..ကိုယ်က လိုင်းမဝင်ကြည့်ဖြစ်လို့သာ အခုမှသိရတာ..။
message တွေကို တစ်ချက် ဝင်ကြည့်လိုက်သောအခါ...

''အကိုနေသန် ဗျ...

နေကောင်းလားဟင် ...

ထမင်းစားပြီးပြီလား....

ခင်လို့ရမလား...''

စသည့် အရေးကြီးစကားမပါဘဲ အလ္လာဘ သလ္လာဘ တွေသာ ပို့ထားခြင်း ဖြစ်သည်။
ပို့တဲ့လူရဲ့ profile ကို ကြည့်ကြည့်တော့ ပုံသည် ကောင်းကင်က မိုးတိမ်ညို့ တွေကို ရိုက်ထားသော ပုံဖြင့် pf name က '' J '' ဆိုတဲ့ စာတစ်လုံးထဲပင်...။
ကိုယ့်နာမည်ကို သူသိတာတော့ မဆန်းပါဘူး...အကောင့်နာမည်ကိုက nathan ဆိုပြီးပေးထားတာဆိုတော့လေ။

ပုယင်းတုံးလေးက ကိုယ့်အပိုင်(ပုယင်းတုံးလေးက ကိုယ့်အပိုင်)Where stories live. Discover now