Part-7(Zawgyi)

655 20 0
                                    


(A.N ကျွန်တော် ပြန်လာပါပြီဗျ။ တက်နိုင်သမျှ upမှန်ပေးပါတော့မယ်။)

****

''လရောင်လျှံ...ဘယ်တုန်းကပြန်ရောက်နေတာလဲကိုယ်လဲ ဘာမှမသိရပါလား''

''ကိုကြီး ရယ် စပရိုက်ပေါ့ နော် ဟီးဟီး..''

''ဟား...ဟုတ်ပါပြီဗျာ''

အစ်ကိုထင်၏ ခါးအား ကိုယ်ထိလက်ရောက် ဖက်ထားသော ထိုကောင်မလေးနှင့် ထိုကောင်​မလေး ပုခုံးကို ပြန်ဖက်ထားကာ ရီရီမောမော စကားပြောနေကြသော အစ်ကိုထင်။
မိုးမမြင်လေမမြင် ပြုံးရွင်နေကြသော လူနှစ်ယောက်နှင့်အတူ စိတ်ထဲတွင် မသိလိုက်မသိဘာသာ သဝန်တိုရိပ် သန်းနေသော ကောင်ကလေးတယောက် ရှိလေသည်။
တချိန်ထဲ မှာဘဲ ထိုကောင်လေး အတွေးထဲတွင် တွေးနေမိတာက' သူနဲ့ သူ့ကောင်မလေးကို သဝန်တိုနေတဲ့ ငါက အရူးလေးဘဲ' ဆိုတာပင်။

''ဒါနဲ့  လျှံလျှံ ''

''ဟုတ် ကိုကြီးထင် ''

''ကိုယ့်အိမ် ကို ဘယ်လိုသိပြီးရောက်လာတာလဲ!! ''

''အာ...အ့တာက အစ်ကိုနေ(nathan) ထဲက စကား နှိုက်လိုက်တာလေ
ရှမ်းမြောက် မှာ ရှိမယ်ဆိုတာ သိရတာနဲ့ လားရှိုး လေဆိပ်ကနေ တန်းဆင်းလာတာ ''

''nathan!! ပါးစပ်မလုံတဲ့ကောင်ဘဲ ''

''အာ~~ကိုထင် အ့လိုမဟုတ်!!ကျစ် ဒီကောင်မလေးတော့ ငါ့ကိုအချွန်နဲ့မ နေတယ် ~~လာရန်း ဒီကို ''

''အား~~~ကိုကြီးရေ  လုပ်ပါဉီး ကိုနေ လိုက်ရိုက်နေတယ် ဟား...ဟား..ကရော်..ကရော်''

nathan က လှမ်းရိုက်မယ် ပြင်တော့ ထိုကောင်မလေးက အစ်ကိုထင် နောက် အပြေးဝင်ပုန်းကာ အားကိုးရှိဟန်ဖြင့် လှမ်းကာ ဟာသပင် လုပ်နေသေးသည်။

''ကဲ ကဲ တော်လောက်ပြီ ။
မြူ မင်းကို မိတ်ဆက်ပေးမယ် သူ့နမည်က လရောင်လျှံ တဲ့ အသက်က 18နှစ် မင်းနဲ့ တစ်နှစ်ဘဲကွာတယ်။အစ်မလျှံလျှံ လို့ဘဲ ခေါ်ပေါ့။ဟောဒီက အစ်ကို နှစ်ယောက်ကတော့ မင်းသိပြီးသားဖြစ်မှာပါ သူကnathan သူကrobin ။ပြီးတော့ ဒီက လျှံလျှံ ဆိုတဲ့ ကလေးမက Nathan ရဲ့ ညီမလေးလေ ကိုယ်တို့ နဲ့ က နှစ်အတော်ကြာနေလာတော့ သွေးသားအရင်းချာတွေလိုတောင် ဖြစ်နေပြီ ။
ကိုယ့်ကိုဆို သူ့အစ်ကိုထက်တောင် ပိုချွဲနေကျ... ''

ပုယင်းတုံးလေးက ကိုယ့်အပိုင်(ပုယင်းတုံးလေးက ကိုယ့်အပိုင်)Where stories live. Discover now