အေးစက်သောလေထုအောက်တွင် ယှဉ်ပြိုင်တိုက်ခိုက်နေဟန်ရှိသော အသံတိတ်စစ်ပွဲတစ်ခု။
"သခင်မကြီး"
တိတ်ဆိတ်မှုကိုစတင်ဖြိုခွဲလိုက်သူကား ရှေးရှု့ရာရာပင်ဖြစ်သည်။
"စဝ်နန်းသိဒ္ဓိမဟာနဲ့ကျွန်တော့်ကိုသဘောတူပေးပါ"
သခင်မကြီးသည် ရှေးရှု့ရာရာအား အလွန်အားဖျော့သော အကြည့်ဖြင့်ကြည့်လိုက်လေ၏။
"ငါက ဘယ်လိုစိတ်နဲ့သဘောတူနိုင်မှာလဲ..ဟော်နန်းရဲ့သခင်က ဒီလိုဖြစ်ရင် လူထုကငြိမ်နေမယ်ထင်သလား"
အားနည်းသော်လည်း မာနပါသော အသံကား အခန်းတစ်ခုလုံးတွင်ဟိန်းခနဲထွက်ပေါ်လာ၏။
"မယ်တော်"
တစ်လျှောက်လုံးငြိမ်ခဲ့ပါသော ဟော်နန်းအရှင်၏ အသံသည်ပြတ်သားစွာထွက်လာ၏။
သခင်မကြီးသည် ဟော်နန်းအရှင်၏ခေါ်သံကိုကြားကြားချင်းပင် တုန်လှုပ်သွားလေ၏။ဆယ့်ခုနှစ်နှစ်ကျော်မျှ ကြာအောင်ခေါ်ဆိုခြင်းမရှိခဲ့ပါသော ဤနာမ်စားကို သူ၏သားတော်ထံမှကြားရလေပြီ။
"သားတော်"
"ကျွန်တော် ချစ်ရသူနဲ့ကွေကွင်းသော ဆင်းရဲဒုက္ခမှလွတ်မြောက်လိုပါတယ်"
ဟော်နန်းအရှင်သည် တည်ကြည်လေးနက်စွာပင် ပြောလိုက်လေ၏။
သခင်မကြီးသည် ဟော်နန်းအရှင်အားတိတ်တဆိတ်ကြည့်လိုက်လေ၏။
"ကောင်းပါပြီ..သားတော်..ဒီမယ်တော်ကခွင့်ပြုပေးပါ့မယ်"
"ကျေးဇူးတင်ပါတယ်..မယ်တော်"
"ကျေးဇူးတင်ပါတယ်..သခင်မကြီး"
သခင်မကြီးသည် နူးညံ့စွာ ပြုံးလေ၏။
"မယ်တော့်အပြစ်တွေရှိသေးတာမို့ ကျေးဇူးတင်မစောကြပါနဲ့"
သခင်မကြီးသည် လေးလံသော စကားတို့ကို အသချီလာပေ၏။
"သားတော်..မင်းမှာ အမြွှာအစ်ကိုရှိခဲ့တာ သိတယ်မလား..သူက မွေးပြီးတစ်နာရီမပြည့်ခင်မှာဘဲ"
"သိပါတယ်"
"ဖခမည်းတော်ဟာ အဲ့ဒီကလေးရဲ့ ဝိဉာဉ်ဟာတစ်ချိန်မှာအသုံးဝင်လာမယ်တဲ့..ဒါကြောင့် မယ်တော်သူ့ဝိဉာဥ်ကိုနှိပ်ကွပ်ထားခဲ့တယ်..အခုထက်ထိ အဲ့ကလေးက ထိန်းသိမ်းခံရဆဲဘဲ..အခုတားမြစ်နယ်မြေမှာရှိတဲ့..ဝိဉာဉ်ဟာ သားတော်ရဲ့ အမြွှာအစ်ကိုဘဲ"
YOU ARE READING
ချစ်သောမြေဝယ် {Complete}
Любовные романы"သန္တုဠီစ" "ဟင်..ဘာပြောတာလဲ" "ရှေးရှု့ရာရာ.." "ဟင်.." "ခန္တီတရားကို ခဏလောက်ချိုးဖောက်ခွင့်ပြုပါ.." #ရှမ်းစော်ဘွားတွေနဲ့ပတ်သတ်ပြီးရေးတာဖြစ်ပေမယ့် အခေါ်အဝေါ်တွေ၊အသုံးအနှုန်းတွေနဲ့ပတ်သတ်လို့ ကိုယ့်စိတ်ကူးနဲ့ဖြစ်တာမလို့ အကယ်၍ အကြိုက်မတွေ့ရင်အားနာရပါတယ်ဗ...