ကူးချည်လာချည်သွားနေကြသော လူတို့၏ပုံရိပ်တို့သည် မျက်စိတစ်ဆုံးပင်။သေသေသပ်သပ်စီရီထားသော ဈေးဆိုင်လေးတို့သည် ချစ်စရာတစ်မျိုးကောင်းနေ၏။ ရာသီဥတုနှင့်လိုက်အောင်ပင် ဈေးလေးသည် အေးဆေးငြိမ်သက်လှ၏။
"ဧည့်သည်..ဘာဝယ်ချင်လို့လဲ"
"ကျွန်တော် ပစ္စည်းလေးတွေကြည့်ချင်လို့ပါ..ညီမငယ်.ဈေးဝယ်မယ်ဆို ကျွန်တော်ဒီနားကဆိုင်မှာဘဲစောင့်နေပါ့မယ်"
"ဒါဆို ..ကောင်းပါပြီ..သတိထားပါ..ဧည့်သည်"
ပြောပြီးသည်နှင့် နန်းမိုးဆိုသော အမျိုးသမီးငယ်သည် ဈေးခြင်းတောင်းကိုလွယ်၍ထွက်သွားလေ၏။
သူသည်လည်း ထိုနားမှ ဆိုင်လေးတစ်ဆိုင်အတွင်းသို့ စူးစမ်းရန်ဝင်ရောက်လိုက်တော့သည်။ဆိုင်လေးသည်သေးသော်ငြားလည်း သပ်သပ်ရပ်ရပ်ဖြင့် လာချင်စဖွယ်ဖြစ်အောင်ပြုလုပ်ထားပေသည်။ပစ္စည်းများလည်းစုံလှပေ၏။ စပ်စုနေရင်းနှင့်ပင် ပစ္စည်းထားရာတစ်နေရာသို့မျက်လုံးကရောက်သွားပါသည်။လှပသောပစ္စည်းလေးပါပင်။
ကျောက်စိမ်းလေးကိုထုထားသော ဆွဲကြိုးလေး..လှလိုက်တာ..ကျောက်စိမ်းသေးသေးလေးကို အနားသတ်ထားပုံမှာသေသပ်လှသည်။တန်ဖိုးလည်းမကြီးလောက်သောကြောင့် ဝယ်ရန်ဆုံးဖြတ်လိုက်ပြီး လှမ်းကိုင်ရန် ပြုသည့်အချိန်ဝယ် မိမိနှင့်ဆုံးဖြတ်ချက်တူသူ၏ လက်နှင့်ထိမိသွားလေ၏။သိချင်လိုသောစိတ်နှင့်ထိုသူကိုကြည့်ရန်ဘေးစောင်းငဲ့လိုက်မိသည်။
'အလို..မေမေနှင့်တူလိုက်တာ..'ပိရိသေသပ်သော နှုတ်ခမ်းသား၊ ဖြောင့်စင်းနေသောနှာတံ၊မာနတရားတို့ကိုဖော်ညွှန်းသောမျက်လုံး၊၊
သူ၏မိခင်ကိုလွမ်းဆွတ်ရပြန်သည်။လွန်စွာတူသောကြောင့်အံ့ဩမှုကိုပြသသည့်အလား မျက်လုံးတို့ကဖော်ပြနေသည်။တစ်ဖက်လူမှာလည်း မိမိကိုစိုက်ကြည့်နေသည်ကိုသတိထားမိ၍ ရူပါအဆင်းစပ်စုခြင်းကို လျင်မြန်စွာအပြီးသတ်ရချေသည်။"ဟို..ဆွဲကြိုးက ယူမို့လားဗျ.."
"ဟုတ်တယ်.."
ထွက်ပေါ်လာသောအသံသည် ပြတ်သားသည်။ကြည်လင်သည်။အွန်း..နားထောင်လည်းကောင်းလှပေသည်။
YOU ARE READING
ချစ်သောမြေဝယ် {Complete}
Romance"သန္တုဠီစ" "ဟင်..ဘာပြောတာလဲ" "ရှေးရှု့ရာရာ.." "ဟင်.." "ခန္တီတရားကို ခဏလောက်ချိုးဖောက်ခွင့်ပြုပါ.." #ရှမ်းစော်ဘွားတွေနဲ့ပတ်သတ်ပြီးရေးတာဖြစ်ပေမယ့် အခေါ်အဝေါ်တွေ၊အသုံးအနှုန်းတွေနဲ့ပတ်သတ်လို့ ကိုယ့်စိတ်ကူးနဲ့ဖြစ်တာမလို့ အကယ်၍ အကြိုက်မတွေ့ရင်အားနာရပါတယ်ဗ...