Chapter.5🔞

3.8K 110 2
                                    

Unicode

ချစ်ဇနီးငယ်

Chapter.5🔞

ညကအဖြစ်အပျက်ကြောင့် ခြည်မျက်နှာပူပြီးရှက်ရွံ့နေတာနဲ့ပဲ ဦးနဲ့မျက်နှာချင်းမဆိုင်မိသလိုအခန်းထဲကနေလည်းလုံးဝမထွက်ပေ။

သူမကမနက်စာထွက်မစားတော့ဝေဟင်ကပဲသူမအတွက်မနက်စာယူပြီးအခန်းထဲရောက်လာခဲ့လေ၏။

''ဆန်းရှိုင်းလေး...မနက်စာစားရအောင်''

''မစားဘူး''

သူမကသူ့ကိုကျောပေးကာအိပ်နေရင်းမှခပ်ဆောင့်ဆောင့်လေး​​ပြောလာသည်။

''မစားလို့မရဘူး...ညကလည်းပင်ပန်းထားတော့ဗိုက်ဆာနေမှာကိုယ်သိတယ်''

သူ့စကားကြားတော့ခြည်ကအိပ်ရာကနေထထိုင်လိုက်ပြီးသူ့အားပေစောင်းစောင်းလေးကြည့်လာလေ၏။

''ဦး ဘာလို့ပြန်အစဖော်နေတာလဲ''

''မရှက်ပါနဲ့ကလေးရာ...ဒါကရှက်ရမယ့်ကိစ္စမှမဟုတ်တာ''

''မသိဘူး...ထပ်မပြောနဲ့တော့နော်''

သူမကနှုတ်ခမ်းကိုတစ်တောင်လောက်စူနေပြီမို့သူပဲပါးစပ်ပိတ်လိုက်ရသည်။

''okok...ကိုယ်ထပ်မပြောတော့ဘူး ထမင်းစားရအောင်...ဒီမှာကမနက်စာကိုထမင်းပဲစားကြတာတဲ့ ဆန်းရှိုင်းလေးစားတတ်ရဲ့လား...ဒါမှမဟုတ်ကိုယ်တစ်ခုခုစီစဥ်ပေးရမလား''

''စားတတ်ပါတယ်''

''ဟုတ်ပါပြီ...အဲဒါဆိုကိုယ်ခွံ့ကျွေးမယ်နော်''

ခြည်ပြုံးစေ့စေ့လေးနဲ့ခေါင်းညိတ်ပြလိုက်သည်နှင့်ဦးကသူမကိုထမင်းခွံ့ကျွေးလာလေသည်။

နေ့လည်​ရောက်တော့ သူမတို့တွေကိုမိုးစွေတို့ကိုနှုတ်ဆက်ပြီး ထိုရွာကနေပြန်ထွက်လာခဲ့လိုက်ကြ၏။

အိမ်ပြန်ရောက်ရင်သူမတို့ကိုဘယ်လိုအရာတွေကများကြိုဆိုနေမှာပါလိမ့်။

***

သူမတို့အိမ်ကိုပြန်ရောက်သည်နှင့် ခြည့်ရင်ထဲမှာတဒိန်းဒိန်း​ဖြစ်လာရပြီး ကိုယ့်နှလုံးခုန်သံကိုပါပြန်ကြားနေရလေသည်။

ချစ်ဇနီးငယ်[ongoing]Where stories live. Discover now