Ep-22

11 1 0
                                    

STARING TO You

" ငါကတော့ ဟိုအစထဲက မင်းတစ်ယောက် ကိုပဲ ငေးကြည့်နေခဲ့တာပါ "

လျှံမြေ ရင်နာနာနဲ့ ရင်ထဲကစကားတွေ ဖွင့်ထုတ်လိုက်တော့သည်။ ဒီကိစ္စကို မပြောဘူးလို့လုပ်ထားခဲ့ပင်မဲ့ အခြေအနေက မပြောဖစ်တော့ပေ။ဒါကြောင့် သူပြောရတော့မည်။ တကယ်ဆို သူဖွင့်ပြောချင်ခဲ့တာက အခုမှမဟုတ်..

  တကယ်တော့ လျှံမြေ ရိုင်းဆက် ကိုချစ်နေခဲ့တာကြာခဲ့ပါပီး။ ပထမဆုံး ရိုင်းဆက်အပေါ်မှာထားတဲ့ခံစားချက်တို့ကို သတိထားမိတဲ့အချိန်မှာတော့ ကိုယ်ကိုကိုယ့် မယုံနိုင်ခဲ့သေး။ လိင်တူ ယောကျာ်း လေးတစ်ယောက်အား ချစ်မိသွားမယ်လို့လဲမထင်ထားခဲ့တာကြောင့် အလွန်ပင်ခြောက်ခြားသွားရသည်။ ဒီထက်ပိုပီး ခြောက်ခြားတုန်လှုတ်စရာ ကောင်းတာက ကိုယ်ချစ်မိတဲ့သူ ကိုယ်သူငယ်ချင်းအရင်းခေါက်ခေါက်မို့ပင်။ ငယ်စဥ်ထဲက ရင်းနှီးလာကြကာ သူငယ်တန်းကစလို့ အမြဲ အတူသွား အတူစားအတူကစားနေခဲ့တဲ့ သူအားချစ်မိခဲ့တာကြောင့် မယုံနိုင်ဖစ်ခဲ့ရသည်။ သိများသွားခဲ့ရင် မုန်းများသွားလေမလားဟု တွေးရင်း ကြောက်ခဲ့ရတဲ့အချိန်တွေက အခုချိန်ထိပင် ရှိနေလျက်သာ။ ချစ်ရတဲ့ သူငယ်ချင်း ရိုင်းဆက်အား မြင်ရတိုင်း ဖွင့်ပြောမယ်ဟု စဥ်းစားတဲ့နေရက်တိုင်းမှာ အိမ်မက်ဆိုးမက်ခဲ့တာက မရှိသလောက်ပင်ရှားလှသည်။ ထို့ကြောင့် သူငယ်ချင်း ဆိုတဲ့စည်းလေးကနေပဲ လျှံ​မြေ တိတ်တခိုးလေးချစ်နေဖို့ ဆုံးဖြတ်ခဲ့သည်။

တကယ်တလေမှာတော့ လျှံမြေ ရင်ဖွင့်ပြောလိုက်ချင်ပင်မဲ့ ရိုးသားလွန်တဲ့သူကြောင့် ပြောဖို့ကမရဲခဲ့ပေ ။ သူငယ်ချင်းမို့ ပြောလိုက်ရင်လဲ ရွံမုန်းသွားကို ကြောက်နေခဲ့တာ။ သူငယ်ချင်းဆိုတဲ့ စည်းလေးအား ဖြတ်ကျော်ချင်ပင်မဲ့လဲ ဖြတ်ကျော်မိသွားတဲ့အခါ ပြန်ပီး ဝင်ရောက်လို့မရမှာကိုလဲ ကြောက်ရွံလို့လာခဲ့သည်။ သူငယ်ချင်းဆိုတဲ့ စကားလုံးက ဖြူစင်စွာ ခင်မင်ကြတဲ့သူတွေအဖို့ အလွန်ကို ကြည်နူးဖို့ကောင်းပင်မဲ့ အရောင်တွေ စွန်းထင်ပီး ချစ်နေရတဲ့သူတွေအဖို့ကတော့ သိပ်ကို နာကျင်စရာကောင်းတဲ့ စကားလုံးပင်။ လျှံမြေအနေနဲ့ ထိုသူငယ်ချင်းဆိုတဲ့ စည်းထဲမှာ အသက်ရူရပ်ပီး အသက်ပင်မသေသွားက ကံကောင်းလှပါသည်။ သူငယ်ချင်းဆိုတဲ့ စည်းဟာ အရမ်းကို နေရခက် ခံရခက်တာပင်။ သူငယ်ချင်းဆိုတဲ့ စည်းထဲမှာနေနေသရွေ့ လွတ်လပ်စွာ သဝန်တိုခွင့်လဲမရ ဖွင့်ပြောခွင့်လဲမရှိသလို တခြားသူအား ချစ်မိတာကို တားဆီးဖို့လဲ မလွယ်ပေ။ ထိုစည်းထဲကထွက်ဖို့ကလဲ မရဲဝံပေ။

STARING TO YOU (Ongoing )Where stories live. Discover now