STARING TO YOU
ရိုင်းဆက် မနက်အစောကြီး ဆေးရုံတခုကိုထွက်လာလိုက်သည်။ ဆေးရုံကိုရောက်တော့ ကောင်တာတခုစီကိုသွားကာ
" နိုင်လျှံမြေဆိုတဲ့ လူနာ ဘယ်အခန်းမှာရှိလဲဗျ"
"ခနလေးပါနော်"
ကောင်တာ ဆရာမမှ အခန်းနံပါတ်အား စစ်ဆေးနေရင်း ရိုင်းဆက်စိတ်တွေလှုတ်ရှားလို့နေမိသည်။ သူသာ လျှံမြေနဲ့တွေ့ခဲ့ရင် ဘာတွေပြောရမလဲ လျှံမြေ ကရော သူကို ဘာတွေပြောအုံးမလဲဆိုတာကိုပေါ့။ နောက်ပီး လျှံမြေကရော သူကိုတွေ့ချင်ပါ့မလားဆိုတာကို စိတ်ပူလို့နေမိသည်။ ဘာကြောင့် ဆေးရုံတက်ရသလဲမသိပင်မဲ့ သူပယောကလဲ ကင်းမည်ပုံမပေါ်။ လျှံမြေ ဆေးရုံတက်ရတယ်ကြားတော့ ကိုယ့်ကိုကိုယ် လဲအပစ်တင်စိတ်ဝင်လာရပြန်သည်။ ရိုင်းဆက် ရဲ့စိတ်တွေတနေ့တခြားပိုပိုပီးကို ရှုပ်ထွေးလို့ရပါသည်။
"ကောင်လေး ဟေ့ ကောင်လေး"
"ဟမ့် ဗျာ"
"မင်းအဆင်ပြေရဲ့လား အမဒီလောက်ခေါ်နေတာကြာပီးမင်းမကြားဘူး "
"ပြေပါတယ်"
ရိုင်းဆက် အတွေးများနေတာကြောင့် ကောင်တာကဆရာမရဲ့ ခေါ်သံအားမကြားလိုက်ချင်ပင်။
"လူနာက အခန်း205မှာပါ ဒီကနေတည့်တည့်သွားပီး ညာချိုးလိုက်ပါ"
"ဟုကဲ့ ကျေးဇူးတင်ပါတယ်"
ကောင်တာက ဆရာမညွန့်ပြတဲ့အတိုင်း ရိုင်းဆက်လဲ ထွက်လာလိုက်သည်။ ညာချိုးပီးတော့ အခန်းနံပါတ်205စီရောက်လို့လာခဲ့သည်။ အခန်းရှေ့ရောက်သော်လည်း အခန်းထဲဝင်ဖို့ကိုတွန့်ဆုတ်လို့နေပြန်သည်။ လျှံမြေ သူကိုမတွေ့ချင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ယ်လိုပဲဖစ်ဖစ် ရောက်တောင်ရောက်နေပီးဆိုတော့ ဒီတိုင်းပြန်လို့မှမဖစ်တာ။ လေပူတို့အား မှုတ်ထုတ်ပီးအသက်အားဝဝရူကာ အခန်းထဲကိုဝင်သွားလိုက်သည်။ အခန်းထဲကိုဝင်သွားတော့
"ရိုင်းဆက်"
"စေယာ.."
ရိုင်းဆက် ထက်အရင် စေယာ မေနန္ဒ တို့က အရင်ဦးစွာရောက်လို့နေသည်။ ဆေးရုံကုတင်ဘေးတွင်ထိုင်နေကြပီး လျှံမြေကတော့ ကုတင်ပေါ်တွင် အနောက်မှီကာ ရိုင်းဆက် အားကြည့်လို့နေသည်။ လျှံမြေ ရဲ့အကြည့်တို့အား ရှောင်ဖယ်ရင်း အနားကိုသွားလိုက်သည်။ထိုအခါမှာတော့