Episode (3)

1 0 0
                                    

လွန်ခဲ့သော၁၀နှစ်ခန့်က

ခြောက်နှစ်အရွယ်ကလေးတစ်‌ယောက်ခြံဝင်းတစ်ခုထဲတွင်ဆော့နေသည်။သူတို့၏အိမ်ကြီးသည်ခမ်းနားထည်ဝါလှသည်။အိမ်တွင်ရှိသောအိမ်အကူများနှင့်အလုပ်သမားများသည်ပွဲအခမ်းအနားရှိ၍အလုပ်ရှုပ်နေကြသည်။ကားတစ်စီးသူ့တို့ခြံအတွင်းသို့ဝင်လာသည်။ကားနောက်ခန်းထဲမှအနောက်တိုင်းဝတ်စုံပြည့်ဖြင့်လူတစ်ယောက်ဆင်းလာပြီး

"ဟာ ငါ့သားကခြံထဲမှာဘော်လုံးကန်နေတာကို။လာပါအုံးဖေဖေ့စီကို။.......လာပါ ဝင်းခန့်နိုင်လေးရဲ့။"

သူသည်ဖအေဖြစ်သူနှင့်ရင်းရင်းနီးနီးမရှိသဖြင့်သွားရတာတွန့်ဆုတ်နေခဲ့သည်။သူအတန်ငယ်တွေဝေပြီးမှသွားဟန်ပြုနေစဉ်

"အော်။နေဦး ဖေဖေအလုပ်ကိစ္စရှိသေးလို့။နောက်မှငါ့သားနဲ့ဆော့ပေးမယ်နော်။"

ဝင်းခန့်နိုင်စိတ်ပျက်သွားကာဘော်လုံးလေးကိုပိုက်ပြီးသူအိမ်ထဲဝင်လာစဉ်

ဧည့်ခန်းထဲတွင်ဖေဖေနှင့်စကားပြောနေသောလူစိမ်းတစ်ယောက်ကိုတွေ့လိုက်ရသည်။ထိုသူသည်မျက်နှာကိုရှင်းရှင်းလင်းလင်းမမြင်ရသော်လဲနောက်ဖက်မှကြည့်ရုံဖြင့်ခမ်းနားထည်ဝါ၍ခေါင်းဆောင်တစ်ယောက်၏ပုံစံပေါ်သလိုတစ်ချိန်ထဲမှာပင်ကြမ်းတမ်း၍ကြောက်စရာကောင်းသောပုံစံလဲပေါ်လွင်နေသည်။ထိုအချိန်တွင် သူ့ဖေဖေပြောနေသောစကားတချို့ကို သူကြားလိုက်ရသည်။

"ခေါင်းဆောင်အဲ့တခုကိုကျွန်တော်ကိုလုပ်ခွင့်ပေးပါဗျာ။ကျွန်တော်လုပ်နိုင်ပါတယ်ဗျ။"

ထိုသူက ဖေဖေ့ စကားဆုံးသော်ချောင်းတစ်ချက်ဟန့်လိုက်သည်။ထိုချောင်းဟန့်သံသည်မိစ္တာတစ်ကောင်၏ချောင်းဟန့်သံနှင့်တူသဖြင့် ဝင်းခန့်နိုင်လန့်၍အိမ်ပေါ်ထက်ကိုတက်ပြေးပြီးသူ့အခန်းထဲသို့ပြေးဝင်ကာတံခါးကိုစောင့်ပိတ်လိုက်မိသည်။ထိုအခါ မေမေက နောက်ကလိုက်လာပြီး

(တံခါးကိုခေါက်လျက်)"သားသားဘာဖြစ်တာလဲမေမေ့ကိုတံခါးဖွင့်ပေးပါအုံး။"

ဝင်းခန့်နိုင်ခေါင်းထဲတွင်ထိုသူ၏နောက်ကျောကိုမြင်၍ခေါင်းဟန့်သံကိုသာကြားနေရတော့သည်။ဘာကြောင့်မှန်းမသိ ထိုအရာက သူ့ကို ထိတ်လန့်ခြောက်ခြားစေသည်။

You've reached the end of published parts.

⏰ Last updated: Oct 18 ⏰

Add this story to your Library to get notified about new parts!

Cursed words (Infieno:The serie)Where stories live. Discover now