Episode (1)

19 0 0
                                    

ညနေပိုင်း နေဝင်ရီတရော အချိန်တွင် ပူပြင်းလှသည့် ရာသီဥတုကို အံတုနိုင်ရန်ဖွင့်ထားသော အဲယားကွန်း‌(ခေါ်)လေအေးပေးစက်ကိုတောင် အားမနာဘဲ ချွေးစက်တွေ တတောက်တောက်ကျနေသော ဆယ်နှစ်အရွယ် ကလေးတစ်ယောက်နှင့် သူ့မျက်နှာချင်းဆိုင်ခုံတွင် ခြေလေးတင်ကာ လက်လေးဖြင့်ဖက်ကာ ထိုင်နေသော သူနှင့်ရွယ်တူ ကလေးတစ်ယောက်။ရုတ်တရက် ချွေးတစက်စက်ကျနေသော ကောင်ကလေးက

"နင် ဘာလုပ်နေတာလဲ။ပြန်တော့ မိုးလည်းချုပ်နေပြီ။ငါလည်း ဒါရိုက်တာမလုပ်တော့ဘူး။သွားပြန် အခု။"

ထိုသို့ ဆောင့်အောင့်ကာ ဒေါသသံဖြင့်ပြောတော့ သူ့မျက်နှာချင်းဆိုင် ထိုင်ခုံမှ ကလေးမ က စူပုတ်ပုတ်လေးဖြင့်

"နင်ကလည်း ငါလည်းကြိုးစားတာဘဲလေ။နင့်ကာရိုက်တာကြီးကိုက အရှုပ်ထုပ်ဖြစ်နေတာ။အဲ့တော့ ငါ့သရုပ်ဆောင်ချက်ကောင်းလည်း အလကားဘဲ။"

ထိုသို့ပြောလိုက်တော့ ထိုကောင်လေးက ရှုးရှုးရှားရှားဖြစ်ကာ

"သေချင်နေလား။ငါ့ကာရိုက်တာက ကောင်းပြီးသား နင့်သရုပ်ဆောင်မကောင်းတာ။လာပြီး သူများ ဇာတ်ကောင်ကို အပြစ်လာမရှာနဲ့။"

ထို့သို့ ခုန်စွခုန်စွ လေးဖြင့် ကောင်မလေးကို ရန်တွေ့နေ‌တုန်း ထိုကောင်လေး၏အမေဖြစ်သူရောက်လာကာ ကောင်လေးခေါင်းကို ဒေါက်ကနဲ မြည်အောင်ခေါင်းခေါက်လိုက်တော့ ကောင်လေးခင်မျာ ခေါင်းလေးကို ပွတ်ကာ စူပုတ်ပုတ်လေးဖြင့်

"မေမေကလည်း သားက အခုမှဆယ်နှစ်ဘဲ ရှိသေးတာလေ။ဘာလို့ခေါင်းခေါက်ရတာလဲ။ကလေးတွေကိုခေါင်းခေါက်ရင် ညဏ်မကောင်းဖြစ်တတ်တယ် မေမေရဲ့။"

"အမလေး ငါက နင့်ကိုမွေးထားတာပါ ကိုယ်တော်ချောလေးရဲ့။နင် ညဏ်မကောင်းအောင်ငါက လုပ်မလား။အပိုတွေသိပ်ပြောတာဘဲ။ငါခေါက်တာက နင် ငါ့သမီး မိုးမခလေးကို အော်နေလို့ ဟေ့။"

ထိုသို့ပြောတော့ အမေကိုပြန်ရန်တွေ့သလိုလေးဖြင့် ကောင်လေးက

"မေမေကလည်း သားကမှ မေမေ့သားပါဗျ။သူက ဒီတိုင်း လမ်းဘေးက အရူးမလေး။"

Cursed words (Infieno:The serie)Where stories live. Discover now