Chapter : 3

147 15 5
                                    

"ကလေးလိုချင်တယ်။"

"What are you talking about?"

"ဆက်ခံသူလိုချင်တယ်။ မင်းမွေးပေးရမယ်"

"ရူးနေတာလား....ကလေးလိုချင်ရင်ခင်ဗျားရဲ့အရင်မိန်းမကိုမွေးခိုင်းလေ
ကျုပ်ကယောက်ျားဗျ"

သူစကားပြောမည်ကိုစောင့်နေသည်ဆိုသော်လည်း ကြားချင်သည့်အကြောင်းအရာက ဒါမဟုတ်သလို
တွေးတောင်မတွေးရဲသည့်အရာကို
ရှေ့မှာနေပြီး ဒဲ့ကြီးလာပြောနေတာလား

"ငါမင်းကိုယူတာ ဒီတိုင်းငါ့အိမ်မှာလာထိုင်နေဖို့ယူတယ်ထင်နေတာလား"

"ဘာ!"

"ဒီနေရာက မင်းထွက်ချင်တဲ့လေသံကို
လွယ်လွယ် ထွက်လို့ရတာမဟုတ်တာကို ဟန့် ကမပြောထားဘူးလား"

"​မပြောဘူး။ ပြောစရာလဲမလိုဘူးလေ"

"ဆက်သစ်မိုင်း! ကိုယ့်အဆင်ကိုယ်
ဖော်မပြနဲ့"

"ဒီမှာ ဦးနေ့သခင်မင်းမြတ်။ ကျုပ်ကဘာအဆင့် ရှိလဲတော့ကျုပ်ဆုံးဖြတ်မထားဘူး။ ဒါပေမယ့် ခင်ဗျားသိထားရမှာက ကျုပ်အဆင့်ကဟိုးအောက်ဆုံးရောက်နေတယ်ဆိုရင် ကျုပ်လိုကောင်ကို ယူထားတဲ့ခင်ဗျားရဲ့အဆင့်ကလည်း တူတူပဲလို့လေ"

ထမင်းစားပွဲပေါ်သို့လက်ကိုတင်ထားရင်း ရှေ့ရှိလူ၏မျက်နှာကိုတည့်တည့်ကြည့်ကာ ဆက်သစ်မိုင်း ပြောလိုက်သည်။

ထိုအခါ နေ့သခင်မင်းမြတ်တစ်ယောက်
မျက်နှာတစ်ခုလုံးနီရဲတက်လာတာကြောင့် ဒေါသတစ်ကြီးဖြင့်ထပြောလာမည်ဟုထင်ထားသော်လည်း...

"အဟက်! သေချာတာပေါ့ မင်းကိုငါယူထားတယ်ဆိုတာ မင်းသိသေးတယ်ပေါ့ဟုတ်လား.....အင်း။ ဒါဆို မင်းကငါ့မယားမဟုတ်လား"

"တောက်ခ်! လူကြီးစကားပြောပါလား
ဦး​နေ့သခင်မင်းမြတ်။"

"ဘာလဲ ကလေးတွေကဒီလိုစကားပြောတာလား လူကြီးတွေကပြောတာမဟုတ်ဘူးလား"

"ကျုပ်ခင်ဗျားကို ယူချင်လွန်းလို့ယူထားတာမဟုတ်ဘူး။ အဲလောက်ကလေးလိုချင်နေတယ်ဆိုရင် ဘာလို့ခင်ဗျားရဲ့အရင်မိန်းမကိုကွာရှင်းလိုက်တာလဲ"

"ဟက်! စောင့်ကြည့်နေပေးလေ
ဆက်သစ်မိုင်း  မင်းအပေါက်ထဲကနေ ငါ့ကလေးထွက်လာအောင်လုပ်ပြမယ်ဟုတ်ပြီလား....."

 𝐂𝐚𝐫𝐛𝐨𝐧 𝐝𝐢𝐨𝐱𝐢𝐝𝐞 𝐟𝐨𝐫 𝐦𝐞Where stories live. Discover now