Chapter : 1

303 24 6
                                    

"လင်တရူးမနေနဲ့ လွန်းလွန်း၊ နင့်အသက်အခုမှ ၁၈ပြည့်ခါစလေ အဲလူနဲ့နင်ယူစရာဘာကိစ္စမှမရှိဘူး။"

"ကိုကို  နင်ငါ့ကိုအဲလိုမပြောနဲ့နော်
ငါက နင်တာဝန်မယူချင်တဲ့မိသားစုကိစ္စတွေအတွက် ဝင်ဖြေရှင်းပေးချင်ရုံပဲ"

"ဘာ! ငါတာဝန်မယူချင်တဲ့မိသားစုကိစ္စဟုတ်လား....လွန်းဆက်သစ်
အဲလိုလူနဲ့နင်ယူရင် ဗိုက်တစ်လုံးအပြင်ဘာမှရမှာမဟုတ်ဘူး အဲတာကိုသိလား"

"ဒါဆိုနင်ယူလေ နင်ကဗိုက်ကြီးမှာမှမဟုတ်တာ"

ဖြောင်း!

တစ်သက်လုံးလက်ဖျားနှင့်တောင် ခပ်ကြမ်းကြမ်းမထိဖူးသည့် ညီမဖြစ်သူအား ပါးရိုက်ချလိုက်သည်။

"ရိုက်တယ်ဟုတ်လား ငါပြောနေတာမဟုတ်လို့လား! ဒီကိစ္စကစလာထဲကနင်လက်ခံလိုက်ရင်ပြီးနေတာပဲလေ နင်ရှောင်ထွက်သွားခဲ့လို့ ငါကနင့်နေရာအစားဝင်ပေးရမှာ နင်သာ သူ့ကိုလက်ထပ်ရင် ငါနဲ့ဘာအကန့်မှပတ်သက်စရာရှိတာမှမဟုတ်ဘဲ"

".................."

"နင်မယူရင်ငါယူမယ် ဆက်သစ်မိုင်း။
ငါမိဘတွေကိုတော့ စိတ်ဆင်းရဲခြင်းတွေနဲ့ ရှိနေတာမျိုးငါလက်မခံနိုင်ဘူး။
ပြီးတော့ သူကအိမ်ထောင်ကွဲဖြစ်တာကလွဲရင် အကုန်ပြည့်စုံတယ်။"

ပြည့်စုံပါတယ်။ ပစ္စည်းဥစ္စာရောရုပ်ရည်ပါပြည့်စုံတဲ့လူတစ်ယောက်က
သိက္ခာတော့မပြည့်စုံဘူး။

ဂေးမဟုတ်တာသိသာနေရက်နဲ့ဘာလို့
ယောက်ျားတစ်ယောက်ကိုလက်ထပ်ဖို့
စီစဥ်နေရတာလဲဆိုတာ ဆက်သစ်မိုင်း
တစ်ကယ်နားမလည်နိုင်တော့.......

သူတို့လိုလူတွေကြားထဲ ဆက်သစ်မိုင်းတို့လိုလူတွေက အသုံးတော်ခံပေးနေရမှာတဲ့လား.......

"တော်ကြပါတော့! မောင်နှမတွေအချင်းချင်းမသင့်မတင့်ဖြစ်နေတာတွေတော်ကြပါတော့"

မိခင်ဖြစ်သူက မျက်ရည်အပြည့်မျက်လုံးတွေဖြင့်ဝင်တားလာလေသည်။ ဖခင်ဖြစ်သူကိုကြည့်လိုက်တော့
ညှိုးငယ်အားလျှော့စွာ ထိုင်နေလေသည်။

"အဖေ သစ္စာခံပြီးသားဖြစ်နေလို့ပါသားတို့ရယ်.... အဖေ CEOဆီမှာစလုပ်ကထဲကသစ္စာတွေအထပ်ထပ်စောင့်တည်ပြီးနေလာတာမလို့ပါ။"

 𝐂𝐚𝐫𝐛𝐨𝐧 𝐝𝐢𝐨𝐱𝐢𝐝𝐞 𝐟𝐨𝐫 𝐦𝐞Where stories live. Discover now