ချီရိယင်း ဟာ လျှို့ဝှက် ဆန်းကြယ် ကြောက်မက်ဖွယ်ကောင်းတဲ့ ဝတ္ထုတွေကိုရေးတဲ့ ထိတ်တန်း ဝတ္ထုရေးဆရာတစ်ယောက်အဖြစ် သတ်မှတ်ခံရတဲ့အပြင် သူ့ရဲ့စာအုပ်ကို ဖတ်ဖူးတဲ့ သူတိုင်း ကြောက်မက်ဖွယ်ကောင်းတဲ့အရာတွေရဲ့ လိုက်ခြင်းခံရသလို ခံစားခဲ့ကြရတယ်။
သူတို့ ကိုယ်တိုင် မသိခဲ့တဲ့ အကြောင်းအရာတွေဟာ ချီရိယင်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေပဲ ဖြစ်တယ်။
ညတစ်ည သရဲ့ခြောက်တဲ့ အိမ်ကြီးတစ်အိမ်မှာ ဇာတ်ညွှန်းရဖို့အတွက် စူးစမ်းရှာဖွေရင်း ချီရိယင်း တစ်ယောက် တခြားကမ္ဘာရဲ့ ဆွဲငင်ခြင်းကို ခံလိုက်ရတယ်။
အဲဒီကမ္ဘာဟာ ရူးသွပ်ဖွယ် ကြောက်မက်ဖွယ်ကောင်းတဲ့ကမ္ဘာတစ်ခုဖြစ်ပြီး သရဲတစ္ဆေအပြင် ကောင်းကင်တမန်ရဲ့ နှင်ထုတ်ခြင်းကို ခံရတဲ့နတ်ဘုရားတွေနဲ့ ပြည့်နှက်နေခဲ့တယ်။
အကယ်၍များ သူတို့ရဲ့သွေးကြောင့် လူတစ်ယောက်ကို ပြန်လည်နိုးထစေခဲ့မယ်ဆိုရင်လည်း အဓိပ္ပါယ်မရှိဘူးထင်ရတဲ့ နည်းလမ်းတွေနဲ့ အသက်ရှင်ကျန်ရစ် နိုင်မယ်။ အဲ့လိုမှမဟုတ်ဘဲနဲ့ ခြေလှမ်းတစ်လမ်းသာ မှားသွားခဲ့မယ် ဆိုရင်တော့ ဝမ်းနည်းဖွယ်ကောင်းတဲ့သေခြင်းတရားစီကိုသာ ဦးတည်ရလိမ့်မယ်။သို့ပေမယ့်လည်း အခြားသော ကစားသမားတွေဟာ သေခြင်းတရားကို ကြောက်မယ်ဆိုရင် အသက်ရှင် နိုင်ခြေအလွန်ကို နည်းပါးတယ်။
ချီရိယင်း က သူ့ရဲ့သေးငယ်တဲ့ မှတ်စုစာအုပ်လေးတစ်အုပ်ကို ထုတ်လိုက်ပြီး "ဒါတကယ် ကြောက်ဖို့ ကောင်းတာဘဲ, ဒါကို ငါ့ရဲ့ဇာတ်ညွန်းထဲမှာ သုံးလို့ရပြီ"အေးခဲနေတဲ့တစ္ဆေ : ? ကျေးဇူးပြုပြီး ငါကို လေးစားပါ။ ကျေးဇူးတင်ပါတယ်"
အခိုက်အတန့်တစ်ခုမှာ တစ္ဆေတစ်ကောင်ဟာ ချီရိယင်း ရဲ့မှတ်စုစာအုပ်ထဲမှာ ချိတ်ပိတ်ခံလိုက်ရပြီး သူ့ရဲ့အသုံးပြုစရာ သရဲတစ်ကောင်အဖြစ် ရောက်ရှိသွားတယ်။ ထိုတစ္ဆေဟာ အလွန်ပင် အံ့အားသင့် သွားတယ်။
ချီရိယင်း စာသားတွေအဖြစ် အောင်အောင်မြင်မြင် ချရေးလိုက်တဲ့ တစ္ဆေတွေအားလုံးဟာ သူ့ရဲ့စာအုပ်ထဲမှ အသုံးချစရာတစ်ခုအဖြစ် ချိတ်ပိတ်ခြင်း ခံရလိမ့်မယ်။ ဂိမ်းလောကမှာ လူတစ်ယောက်ရဲ့အကြောင်းဟာ ကောလဟာလာတွေ အဖြစ်ပျံ့နှံ့သွားခဲ့တယ်။
ချီရိယင်း ဒီကိုရောက်နေပြီ! သေအောင်ကြောက်ဖို့ကောင်းတယ် , ပြေးကြ !
ကောင်းကင်တမန်တော်ရဲ့ စွန့်ပစ်ဖြစ်ခြင်းခံရတဲ့ နတ်ဘုရားတစ်ပါးဟာ ဂိမ်းလောကရဲ့ထိပ်ဆုံးမှာ ထိုင်နေခဲ့ပြီး အားလုံးကို ရွံရှာမှုအပြည့်နဲ့ ကြည့်နေခဲ့တယ်။ သို့ပေမယ့် မျက်စိကျိန်းလောက်အောင် တောက်ပလှတဲ့အတွက် ကြယ်အလင်းရောင်တစ်ခုဟာ ကမ္ဘာတွေကို ထူးထူးခြားခြား ဖြတ်သန်းလာပြီး သူ့ထံသို့ ရောက်လာတာကို မြင်လိုက်တယ်။
သူ ငါ့ကို ချစ်တယ်။
ကောင်းကင်တမန်တော်ရဲ့ စွန့်ပစ်ဖြစ်ခြင်းခံရတဲ့ နတ်ဘုရားဟာ သူကိုယ်သူ တွေးနေမိတယ်။
ဒီကမ္ဘာကြီးကို ဖျက်ဆီးဖြစ်ခဲ့သင့်တယ်လို့ ထင်ခဲ့ပေမယ့် သူ့အတွက် ကမ္ဘာကြီးဟာ ဆက်လက်တည်ရှိဖို့ ဖြစ်လာနေသေးတယ်--နေတစ်စင်း ထွက်လာသလိုမျိုးပေါ့
အဲဒီလူလိမ်လူညစ်တွေရဲ့အကြောင်းကို မင်းဆက် ရေးမနေနဲ့တော့။ ငါ မင်းရဲ့ ခွန်အားတစ်ခု ဖြစ်ပေးနိုင်တယ်။ မင်းရဲ့စာအုပ်မှာ ငါ့နာမည်ကို ဖြည့်လိုက်ရင် မင်းဟာ နတ်ဘုရားအသစ်တစ်ပါး ဖြစ်လာမယ်။ပြီးရင် ငါဟာ မင်းရဲ့သစ္စာအရှိဆုံး ယုံကြည်သူတစ်ယောက်ဖြစ်လာလိမ့်မယ်။
ကောင်းကင်တမန်တော်ရဲ့ စွန့်ပစ်ခြင်းခံရတဲ့နတ်ဘုရားဟာ နက်နက်ရှိုင်းရှိုင်း နမ်းလိုက်လေကာ
"သစ္စာနဲ့ယုံကြည်မှု အပြည့်ရှိတဲ့ နတ်ဘုရားတစ်ပါး အဖြစ် ကောင်ချီးပေးမယ်"ချီရိယင်း ရဲ့ စာအုပ်အသစ်ကို စိတ်အားထက်သန်စွာ စောင့်နေကြတဲ့သူတွေဟာ ထိပ်တန်း လျှို့ဝှက်ဆန်းကြယ် ကြောက်မက်ဖွယ်ကောင်းတဲ့ ဝတ္ထုရေးဆရာက အချစ်ဇာတ်လမ်းတစ်ပုဒ်ကို တကယ်ရေးခဲ့တာလား??
ချီရိယင်း ပြုံးပြကာကြေညာလိုက်တယ်
"ဟုတ်တယ် ကျွန်တော် ချစ်နေမိပြီ"
"နတ်ဘုရားတစ်ပါးကို"
YOU ARE READING
ထိပ်တန်းအဆင့် လျှို့ဝှက်ဆန်းကြယ်ကြောက်မက်ဖွယ် ဝတ္ထုရေးဆရာ
Horrorချီရိယင်း ရဲ့ စာအုပ်အသစ်ကို စိတ်အားထက်သန်စွာ စောင့်နေကြတဲ့သူတွေဟာ ထိပ်တန်း လျှို့ဝှက်ဆန်းကြယ် ကြောက်မက်ဖွယ်ကောင်းတဲ့ ဝတ္ထုရေးဆရာက အချစ်ဇာတ်လမ်းတစ်ပုဒ်ကို တကယ်ရေးခဲ့တာလား?? ချီရိယင်း ပြုံးပြကာကြေညာလိုက်တယ် "ဟုတ်တယ် ကျွန်တော် ချစ်နေမိပြီ" "နတ်ဘုရားတစ်...