Chapter 1.2

62 9 0
                                    


သူ၏ ထူးခြားစွမ်းအားနှင့်ပတ်သက်၍ ချီရိယင်းသည် Systemနှင့် အခြားမည်သူ့ကိုမျှ ပြောပြရန်မရည်ရွယ်ပါ‌ချေ။

သူသည် နာခံတတ်သူမဟုတ်ပေမယ့်လည်း အထူးသဖြင့် Systemက စိတ်ရိုင်းဝင်စေခဲ့သည်။ သို့ပေမဲ့ သူသည် အမှန်တရားကို ဖော်ထုတ်ဖို့သာ စိတ်ဝင်စားလျက်ရှိသည်။

ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းအကြား အသက်ကို အလောင်းအစားထပ်ရထားတဲ့ ဂိမ်းပွဲဟေ့! ပြီးပြည့်စုံတဲ့ ရှာဖွေဖော်ထုတ်မှုပဲ! စိတ်ဝင်စားစရာကောင်းတယ်၊ သိပ်စိတ်ဝင်စားစရာကောင်းတယ်!

ချီရိယင်းသည် အသက်ရှူပင် မြန်လာကာ မျက်လုံးများသည် ဝင်းလက်တောက်ပလျက် သဘောကျနှစ်ခြိုက်ကာ မျှော်လင့်ချက်ရောင်ခြည်များဖြင့် ပြည့်နှက်လျက်ရှိသည်။

သူ၏ နှုတ်ခမ်းထောင့်များသည်လည်း ကော့ညွန့်မြောက်တက်သွားကာ သားကောင်ကို ရှာဖွေတွေ့ရှိသွားသည့် မုဆိုးကဲ့သို့နှယ်။

ရှေ့ခုံရှိ အမျိုးသားက ချီရိယင်းအား တိတ်တဆိတ်စောင့်ကြည့်လျက်ရှိသည်။

သေခြင်းတရားကို ကြုံနိုင်ဖွယ်ရှိသော လူသစ်ဖြစ်သော်လည်း ထိုလူငယ်လေးသည် တကယ်ပင်ထူးချွန်သည်။ မတူညီကွဲပြားသော လူအများကြားမှ သူ၏ မသိစိတ်ကိုဆွဲဆောင်နိုင်သည်။

ထိုလူငယ်လေးတွင် လရောင်ကဲ့သို့ နူးညံ့တောက်ပလှသည့် မရှည်မတိုငွေမင်ရောင်ဆံကေသာရှိပြီး သူ၏ ဖြောင့်တန်းနေသော ပုခုံးထက်တွင် အပေါ်ထပ်အင်္ကျီကို ကျော့ရှင်းစွာ လွှမ်းခြုံထားသည်။ ရှားပါးပြီး အဖိုးတန်လှသည့် ကျောက်မျက်နီလာသဖွယ် မိုးပြာရောင်မျက်လုံးများသည် ဟောင်းနွမ်းနေသည့် ရထားတွဲပေါ်တွင် ထိုင်နေသည့်တိုင် မျိုးရိုးမြင့်တစ်ယောက်ကဲ့သို့ပင် ထူးကဲသာလွန်သည့် အငွေ့အသက်များ လွှမ်းခြုံရစ်လေသည်။

ဆွဲဆောင်လွန်းသည်မှာ လူငယ်လေး၏ တည်ကြည်လှသော အမူအရာပင်ဖြစ်သည်။ သူ၏မျက်လုံးများကို မည်သည့်အရာကမျှ လှည့်စားနိုင်မည့်ဟန်မပေါ်ပေ။

ဤသည်က ထိုအမျိုးသားကို ချီရိယင်းအား နှုတ်ဆက်ရန် အကြောင်းပြုစေခြင်းပင်ဖြစ်သည်။

ထိပ်တန်းအဆင့် လျှို့ဝှက်ဆန်းကြယ်‌ကြောက်မက်ဖွယ် ဝတ္ထုရေးဆရာWhere stories live. Discover now