ချီရိယင်းသည် ရန်ပွဲသံများကြောင့် နိုးထလာခဲ့သည်။
ကော့ညွန့်သွယ်မျက်တောင်များက လှုပ်ခတ်သွားပြီး ချီရိယင်းသည် မျက်လုံးအစုံကိုဖွင့်လိုက်သောအခါ ပထမဦးစွာမြင်တွေ့လိုက်ရသည်က လက်ထဲတွင် သွေးနီရော င်စာအိတ်တစ်အိတ်ရှိနေခြင်းပင်ဖြစ်သည်။ သူသည် စည်းချက်ကျစွာ ခုတ်မောင်းနေသော ရထားတွဲပေါ်တွင်ဖြစ်ပြီး ပြတင်းအပြင်ဘက်ရှိ ကောင်းကင်ယံသည် အုံ့မှိုင်းနေကာ ဝေဝါးဝါးပုံရိပ်တို့သည် လျှပ်ပြေးလျက်ရှိသည်။ မြင်ကွင်းရှေ့တွင်ကား နီစွေးစွေးစားပွဲခင်းဟောင်းနှင့် ပန်းအနွမ်းထိုးထားသည့် ပန်းအိုးတစ်အိုး။ နှာဖျားထက် ဝေ့ဝဲနေသည်က မီးခိုးငွေ့အချို့။
လေထုထဲတွင်ကား သွေးနံ့များဖြင့် ဖုံးလွှမ်းလျက်ရှိသည်။
သို့ပေမဲ့ ခပ်လှမ်းလှမ်းမှာ စကားများနေကြသော စုံတွဲတစ်တွဲ၊ အခြားခုံတစ်ဖက်မှာ အေးစက်စွာထိုင်နေသော သူစိမ်းတစ်ဦးနှင့် ထောင့်တစ်ထောင့်မှာ ကြောက်ရွံ့တုန်လှုပ်စွာ ထိုင်နေသောလူငယ်တစ်ဦးရှိကြသော်လည်း ဘယ်သူကမှ ဒါကိုသတိထားမိပုံမပေါ်ပါဘူး။
ချီရိယင်းသည် နဂိုနေရာ၌ပင် ငြိမ်သက်စွာထိုင်နေပြီး ပတ်ဝန်းကျင်ကို အေးစက်သောအကြည့်ဖြင့် စူးစမ်းလျက်ရှိသည်။
ဘယ်လိုပင် ကြည့်ကြည့် ဤနေရာသည် ရှေးဟောင်း ရထားတွဲထဲက ထမင်းစားခန်းနှင့် ဆင်တူသည်။
သို့သော် ပြဿနာကား ချီရိယင်းသည် ညတစ်ညမှာ သရဲအိမ်ဆီ လည်ပတ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်းမှတ်မိနေပြီး သူ၏နောက်ဆုံး မှတ်ဉာဏ်ပုံရိပ်သည် ကြေးမုံပြင်ထဲမှ ရုတ်တရက် သရဲမထွက်လာပြီးသည့်နောက် ရပ်တန့်သွားသည်။ ပြီးနောက် ...
ပြင်းပြင်းထန်ထန် ခေါင်းကိုက်လာပြီး ထပ်တွေးလေလေ မခံမရပ်နိုင်အောင် နာကျင်လေလေဖြစ်လာသည်။
ချီရိယင်းသည် နားထင်ကို နှိပ်နယ်ကာ သူ၏အတွေးတို့ကို ခေတ္တခဏရပ်တန့်ထားလိုက်သည်။
သို့သော် လက်ကိုမြှောက်လိုက်သည်နှင့် သူ့လက်ဖဝါးနှင့် နဖူးပြင်ပေါ်တွင် ခြစ်ရာများဖြင့် ပြည့်နှက်လျက် ရှိသည်ကို တွေ့လိုက်ရပြီး လက်ချောင်းထိပ်လေးများကို ဖိလိုက်သည့်အခါ ကျောရိုးစိမ့်အောင် နာကျင်မှုကို ခံစားရသည်။
BINABASA MO ANG
ထိပ်တန်းအဆင့် လျှို့ဝှက်ဆန်းကြယ်ကြောက်မက်ဖွယ် ဝတ္ထုရေးဆရာ
Horrorချီရိယင်း ရဲ့ စာအုပ်အသစ်ကို စိတ်အားထက်သန်စွာ စောင့်နေကြတဲ့သူတွေဟာ ထိပ်တန်း လျှို့ဝှက်ဆန်းကြယ် ကြောက်မက်ဖွယ်ကောင်းတဲ့ ဝတ္ထုရေးဆရာက အချစ်ဇာတ်လမ်းတစ်ပုဒ်ကို တကယ်ရေးခဲ့တာလား?? ချီရိယင်း ပြုံးပြကာကြေညာလိုက်တယ် "ဟုတ်တယ် ကျွန်တော် ချစ်နေမိပြီ" "နတ်ဘုရားတစ်...