Chapter 7

108 30 2
                                    

📽️Chapter 7
အခြေအနေ : ဝီချက်(WeChat)တွင် ပြန်အပ်ကြသည်

ဟူရုံချီ၏ရုံးခန်းတွင်…

စုတျန့်တျန့်က ဆိုဖာပေါ်တွင်ထိုင်လျက် သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ဒေါသကြောင့်တုန်ယင်နေသည်။
“ အဲ့ဒီ ရန်ရှူက လူကြီးမင်းစန့်နဲ့ပတ်သက်နေတာလား…”

ဟူရုံချီ၏နောက်ကျောမှာမူ ဘီးလှည့်ကုလားထိုင်တွင် တင်းတင်းကပ်နေကာ စိတ်အခြေအနေကို ပြင်ဆင်ရန်အတွက် သက်ပြင်းတစ်ချက်ချလိုက်ရသည်။
“ အကြောင်းရင်းတော့ရှိမှာပေါ့… မဟုတ်သေးဘူး ရန်ရှူကို ငါပဲ‌ခေါ်လာတာ… သူ့မှာသာ စန့်မိသားစုနဲ့ပတ်သက်မှုရှိရင် ငါမသိဘဲဘယ်နေမှာလဲ…ပြီးတော့ သူတို့သာအချင်းချင်းသိကြတယ်ဆိုရင် ရန်ရှူရဲ့ကျော်ကြားမှုက လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာ ထိုးကျလာမှာမဟုတ်ဘူးလေ…”

“ ဒါပေမယ့်လည်း လူကြီးမင်းစန့်က သူ့ကိုလေ့ကျင့်ရေးအခန်းမှာ လူကိုယ်တိုင်သွားရှာပြီး နှစ်‌ယောက်တည်း အချိန်တချို့ဖြုန်းခဲ့ကြတယ်တဲ့…”
စုတျန့်တျန့်ပြောနေစဉ်မှာပင် လက်ကိုဆန့်ကာ ရန်ရှူ၏လေ့ကျင့်ရေးအခန်းရှိရာဘက်သို့ ဒေါသတကြီးညွှန်ပြနေသည်။

“ ဒါက ဘာကိုမှ သက်သေမပြနိုင်ဘူးလေ…”

စုတျန့်တျန့် နှာခေါင်းရှုံ့လိုက်သည်။
“ မလုပ်နိုင်ဘူးလား … ကျွန်တော်ဘယ်လိုလုပ်နိုင်မှာလဲ… လူကြီးမင်းစန့်က သူ့အတွက် ကျွန်တော့်ကာရိုက်တာကို ဖြိုချပစ်ခဲ့တာလေ…ကြော်ငြာတွေအများကြီး အဖျက်ခံလိုက်ရပြီးတော့ ရိုက်ခါနီးဒရမ်မာကလည်း အခွင့်အရေးမရှိတော့ဘူး…အကုန်လုံးက အဲ့ဒီကောင်ရန်ရှူအတွက်ပဲလေ… သူတို့တွေဘယ်လိုလုပ်ပြီးများ ဆုံသွားကြတာလဲ…လူကြီးမင်းစန့်က အရူးများလား… သာမန်အလုပ်သမားကိုကူညီပေးဖို့အတွက် ရင်းနှီးမြုပ်နှံထားတဲ့လူကို ထိုးကျွေးတယ်တဲ့… ကျွန်တော့်ရဲ့ဝင်ငွေက သူနဲ့ပဲသက်ဆိုင်နေတာလေ…”

“ ဖြစ်နိုင်ပါတယ်လေ… နောက်ဆုံးတော့လည်း ရန်ရှူက အဖြောင့်မဟုတ်ဘူးပဲ…”

ထိုအကြံအကြောင်းကြားရစဉ်အခါက စုတျန့်တျန့် မအံ့ဩမိပေ။ သို့သော်လည်း သူ၏နှုတ်ခမ်းထောင့်မှာ မကျေမနပ်ရှုံ့မဲ့သွားရသည်။ ဆူပွက်လာသောခံစားချက်များမှာ သူ၏ခေါင်းထိတိုင် ထိုး‌တက်လာရသော်လည်း အဆုံး၌ သူမြိုချပစ်ရုံသာ တတ်နိုင်ခဲ့သည်။

You've reached the end of published parts.

⏰ Last updated: 11 hours ago ⏰

Add this story to your Library to get notified about new parts!

ငါ့ကို ဘာလို့ မချော့တာလဲWhere stories live. Discover now