part 1 🔞‌‌

15.3K 148 17
                                    

"ဘယ်လိုလည်း မင်းအရမ်းလိုချင်နေတဲ့ငါ့ကို မင်းအပိုင်ရတော့မယ်ဆိုတော့ဘယ်လိုခံစားနေရလဲ ဟွန်"

"ဘယ်သူကအရမ်းလိုချင်နေတာတဲ့လဲ ကိုခန့်မင်းထည်ဝါ"

"မင်းလေငါ့မယားသိပ်ဖြစ်ချင်နေတာမလားငွေရနံ့"

သူ့ပါးစပ်ကထွက်တဲ့စကားတိုင်းရင်ထဲမှာတစစ်စစ်နေအောင်ခံစားရသည်။ရောက်လာတော့မယ့် မင်္ဂလာပွဲအတွက်ကိုယ်ကသာတစ်ယောက်တည်းရင်ခုန်ပြီးပျော်နေတာ သူ‌ကတော့သူနှင့်မသက်ဆိုင်သလိုသာနေသည်။အရင်ကအရမ်းချစ်ခဲ့ကြတဲ့ချစ်သူတွေဖြစ်ခဲ့ကြပါသည်ဆိုတာရော ဘယ်သူကယုံမည်လည်း ဘာကြောင့်ဘာကြောင့်သူကိုယ့်ပေါ်နာကျည်းနေလည်းမသိဘူးသေချာတာတစ်ခုကကိုယ့်ဖက်ကဘာအမှားမှမလုပ်ထားတာပဲ။

"မိဘတွေစီစဉ်တဲ့ကိစ္စမှာကျွန်မ ဘာမှပြောခွင့်မရခဲ့တာရှင့်အသိပါ ဘာလို့စွပ်စွဲနေရတာလဲ "

"ဟုတ်လားမင်းဘာမှသိခွင့်မရခဲ့ဘူးပေါ့ အဟက် အတော်ယုံချင်စရာကောင်းတာပဲ "

"ယုံတာမယုံတာရှင့်အပိုင်းပါ "

"မင်းကိုတစ်ခုတော့ပြောလိုက်မယ် အရင်ကဘယ်လောက်ပဲအရမ်းချစ်တဲ့ချစ်သူတွေဖြစ်ခဲ့ဖြစ်ခဲ့ ခုချိန်မင်းပေါ်မှာငါဘာခံစားချက်မှ မရှိတော့ဘူး အက်တာကြောင့်မင်းငါနဲ့ရှေ့ဆက်ရမယ့်ရှေ့ရေးကိုမင်းဘာသာကြိုတွေးထားလိုက်"

"ကျွန်မဘာမှားခဲ့လို့လဲ ကျွန်မရှင့်အပေါ်ဘာတွေများအမှားလုပ်မိခဲ့လို့လဲ ကိုခန့်မင်းထည်ဝါရဲ့ "

"မင်းလိုမိန်းမမျိုးကသိပ်ကြောက်စရာကောင်းတယ် ရှေ့မှာကြမခုပ်တတ်တဲ့ကြောင်ပုံနဲ့ နောက်ကွယ်ကမင်းပုံစံကသိပ်ကြောက်ဖို့ကောင်းတယ်ငါအရင်ကသိခဲ့တဲ့ငွေရနံ့မဟုတ်တော့ဘူး မင်းကမာယာသိပ်များတယ်"

ဘယ်ကနေမှားသွားတာလည်းရနံ့ ဘာတွေများလုပ်ခဲ့မိလို့လည်းမောင်ရယ် အရင်အရမ်းနူးညံ့ပြီးရနံ့ကိုအရမ်းဂရုစိုက်တတ်တဲ့မောင်ဘယ်ရောက်သွားဝာာလည်းမောင့်စကားတွေကြောင့်ရနံ့ဘယ်လောက်ခံစားနေရလည်းမောင်ရယ် မောင်အရမ်းရက်စက်တယ်။

Married My ExWhere stories live. Discover now