Unicode
"........Express ကားပေါ်လိုက်ပါလာကြတဲ့ ခရီးသည်များအနေနဲ့ မိနစ်၂၀ရပ်နားမှာဖြစ်ပါတယ် မိမိကားနံပါတ်ကို မှတ်သားသွားဖို့ အကြံပေးပါရစေ ကျေးဇူးတင်ပါတယ်"
"ညီမ ညီမ"
"ဟင် ဘာလဲ ရောက်ပြီလား"
"မရောက်သေးဖူး ညီမ လက်ပံပြားခနနားတာညီမ ဆင်းလို့ရအောင် နိုးလိုက်တာ"
"ကျေးဇူးပါ အစ်ကို"
ရန်ကုန်ကနေထွက်လာတည်းက အိပ်လိုက်လာတဲ့ ဆွေမီ၀င်း အခုလည်း သူဘေးနားမှာထိုင်နေအစ်ကိုက နှိုးလိုက်တာဖြစ်ပြီး ဆွေ လည်း ကားပေါ်ကဆင်းပြီး စားသောက်ဆိုင်ထဲ၀င်လာခဲ့တယ်။
"ဒါ ဘယ်လိုရောင်းလဲ အန်တီ"
"ကြက်ကြော်က ၅ထောင်နဲ့ ၁သောင်း အမြစ်အသဲတွေ တစ်ထောင်ဖိုး အစုံ၁၂စုံရတယ် သမီး ဘယ်ဟာ၀ယ်မလဲ"
ဆွေလည်း ကြက်ကြော် ၅ထောင်တန်နဲ့ကြက်မြစ်ကြက်သဲ ၂ထောင်ဖိုး၀ယ်လိုက်ပြီး ဗိုက်ဆာတာနဲ့ထမင်းတစ်ပွဲမှာကာ ထမင်းစားလိုက်တယ်။
"ညီမ ခနထိုင်မယ်နော်"
မမှီမှာဆိုးလို့ ခေါင်းငုံ့စားနေတုန်းက ကားပေါ်မှာ ခုံဘေးချင်းကပ်လျက်ထိုင်တဲ့ သူတစ်ယောက်လာမေးတာမို့ ခေါင်းငြိမ့်ပြလိုက်တယ်။
"ညီမက ရန်ကုန်ကဘဲလား ပုဂံကိုအလည်လာတာလား အစ်ကိုနာမည်က သုတပါ"
"မေးမိလို့လား"
ဆွေသည်လည်း သူငယ်ချင်းတွေကြားထဲမှာ ပေါတောတောနဲ့နေသူဖြစ်ပေမဲ့ သူစိမ်းတွေကြားခပ်တည်တည်နဲ့နေတက်သူဖြစ်ပြီး အခုလည်း စကားလာပြောတဲ့သူကို ခပ်တည်တည်နဲ့ပြောလိုက်တော့ မျက်နှာပျက်သွားတာကို ဂရုမစိုက်ဘဲ ဆက်စားနေလိုက်တယ်။ခနကြာတော့ ကားကထွက်ခွာဖို့ကြောညာတာနဲ့ ထမင်းဖိုးရှင်းပြီး ကားပေါ်တက်လာခဲ့တယ်။
".... Express ကားကိုစီးနှင်းလိုက်ပါလာတဲ့ ခရီးသွားများခင်ဗျာ ကျွန်တော်တို့ရဲ့ ရန်ကုန်-ပုဂံခရီးစဥ်က ဒီမှာပြီးဆုံးသွားပြီဖြစ်ပါတယ်ရှင့် ကားပေါ်ကဆင်းမယ့်ခရီးသွားများအနေနဲ့ကိုယ့်ပစ္စည်းလေးတွေ သေချာစစစ်ဖို့တိုက်တွန်းလိုက်ပါတယ်ရှင့် သာယာပျော်ရွှင်ဖွယ်နေ့လေးပိုင်ဆိုင်နိုင်ပါစေရှင့်"
YOU ARE READING
ဖူးစာရှိရာ အညာမြေ
Romanceတိုက်ဆိုင်မှုများရှိခဲ့ရင် တောင်းပန်ပါတယ် ဒါကျွန်တော်စိတ်ကူးယဉ်သက်သက်ပါ မြို့ကတော့ ကိုယ်နေတဲ့ မွေးရပ်မြေကို အခြေခံသွားမှာပါ