ရာသီဥတုအုံ့မှိုင်းနေသောနေ့တစ်နေ့၏မနက်ခင်းအချိန်.......။
တိတ်ဆိတ်နေသော အခန်းအရှေ့၌ သက်ပြင်းအကြိမ်ကြိမ်ချပြီးနောက် အိမ်တော်ထိန်းသည်တံခါးသုံးချက်ခေါက်လ်ိုက်၏။
ဒေါက်!ဒေါက်!ဒေါက်!
"သခင်ကြီး....မြို့တော်ထဲက အခွန်စစ်မှုးရဲ့သမီးဖြစ်သူရောက်နေပါတယ်...."
တံခါးအနားသို့လျှောက်လာသောခြေသံတစ်ခုကြောင့် အိမ်တော်ထိန်းသည် ကိုယ်ကိုယို့ကာအနောက်သို့အသာလေးဆုတ်လိုက်သည်။တံခါးပွင့်လာသည့်အခါ သခင်ကြီးအားအရိုအသေပေးသည်။
"ပြန်လွှတ်လိုက်!"
သခင့်၏အေးစက်စက်စကားကြောင့် အိမ်တော်ထိန်းက
"သခင်မလေးက ပြောစရာရှိတယ်ဆိုလို့ပါ...."
"ကျစ်!"
စိတ်ပျက်စွာ စုတ်သပ်လ်ိုက်ပြီး ခြေလှမ်းကျဲကြီးများဖြင့် အောက်ထပ်သို့ဆင်းသွားသောသခင်ကြီးအနောက်သို့ ထပ်ကြပ်မကွာအလျင်အမြန်လိုက်သွားရပြန်သည်။
ဧည့်ခန်းတွင်ထိုင်နေသော သိပ်လှသည့်အမျိုးသမီးတစ်ဦး။ဖြူဖွေးနေသော အသားအရေဟာ သူမဝတ်ဆင်ထားသည့် ပိုးသားအနီရောင်နှင့်လိုက်ဖက်လွန်းနေ၏။အနီရောင်တွေကိုမြင်သည့်အခါ သခင့်၏မျက်ခုံးတန်းများပင့်တက်သွားသည်။အနီရောင်သည် သခင့်အကြိုက်ဆုံးအရောင်တွေပင်မဟုတ်လား။
"မင်္ဂလာနံနက်ခင်းပါ သခင်ကြီး..."
ချိုအီနေသောအသံဖြင့် သူမက တရိုတသေနှုတ်ဆက်သည်။ရှင်းသန့်ကြော့မော့နေသော အပြင်အဆင်သည် ပုရိသတို့အသဲစွဲဖြစ်နေလိမ့်မည်။
"ဘာကိစ္စလဲ"
"ဟို...ထွေထွေထူးထူးရယ်တော့ မဟုတ်ပါဘူး..."
"ထွေထွေထူးထူးမဟုတ်ရင် ပြန်!"
သခင့်၏ဖြတ်ပြောလိုက်သောစကားကြောင့် သူမမျက်နှာ အနည်းငယ် ရှက်အမ်းအမ်းဖြစ်သွားသည်။
"ဘာကိစ္စနဲ့လာသလဲ ငါသိတယ်....ဘယ်မိန်းမကိုမှစိတ်မဝင်စားသလို ဘယ်မိန်းမကိုမှမယုံကြည်ဘူး!မင်းကလည်း ငါ့အကြိုက်မဟုတ်ဘူး! ဒါ့ကြောင့် လမ်းခင်းနေတာတွေရပ်တန်းကရပ်ပြီး ငါ့စံအိမ်ကိုလည်းဘယ်သောအခါမှ ထပ်မလာနဲ့!!!နောက်တစ်ခါ ငါ့ခွင့်ပြုချက်မရှိပဲ ငါ့စံအိမ်ထဲထပ်ရောက်နေရင် သတ်ပစ်မယ်!!!ထွက်သွားစမ်း!!!"
YOU ARE READING
𝐹𝔯𝖊꒯𝖊𝔯𝔦𝔠𝔨 𝔍𝔢𝔬𝔫 {Completed}
القصة القصيرةလူကိုမပိုင်ရခဲ့ရင် ဝိဥာဥ်ကိုတော့အပိုင်ယူပစ်မှာ Minငယ်