INTRODUCTION

128 17 0
                                    

ကမ္ဘာကဘယ်အရာပေါ်မှာ ဗဟိုပြုပြီး လည်ပါသလဲ။ သူ့ ကမ္ဘာမှာတော့ ငြိမ်သက်ခြင်းတွေက ဗဟိုဖြစ်ပြီး တိတ်ဆိတ်မှုတွေက ကမ္ဘာလည်ပတ်စေခြင်း အကြောင်းအရင်းတွေပါပဲ။

- fragmented mind -

အတွေးတွေများလာတိုင်း ချရေးထားမိတဲ့
စိတ်အပိုင်းအစ အစုအစည်းသပ်သပ်ပါပဲ။

ကြိုသတိပေးချင်တာကတော့ ဒီထဲက
ဇာတ်လိုက် 'ငါ'က အများဆိုင်နာမ်စားသပ်သပ်ပါ။ ဒီ စာတိုစုတွေထဲက'ငါ'ဆိုတဲ့ ဇာတ်လိုက်မှာ တစ်ဦးဆိုင်တဲ့အရာတွေမရှိပါဘူး။

'ငါ'ဆိုတဲ့ ဇာတ်လိုက်က စာဖတ်သူတွေလဲ ဖြစ်နိုင်သလို စာဖတ်သူတွေရဲ့ ပတ်ဝန်းကျင်က တစ်ယောက်ယောက်လဲဖြစ်နိုင်ပါတယ်။ 
'ငါ'ဆိုတဲ့ ဇာတ်လိုက်က ဖြတ်တိုက်သွားတဲ့ လေပြေလဲဖြစ်နိုင်သလို မိုးရေစက်တွေလဲဖြစ်နိုင်ပါတယ်။

သတ်မှတ်ချက်တွေ ကင်းလွတ်တဲ့'ငါ'ဆိုတဲ့
ဇာတ်လိုက်ပြောပြတဲ့ အကြောင်းအရာတွေကို နားထောင်ပြီးရင် အတွေးတွေ ဖြန့်ကျက်စေနိုင်ဖို့ မျှော်လင့်ပါတယ်။

FRAGMENTED MINDWhere stories live. Discover now