- FRAGMENTED MIND -
ငါ ဒီနေ့ ဗီဒီယိုတစ်ခုကြည့်လိုက်မိတယ်။
ဗီဒီယိုထဲက စိတ်ခွန်အားပေးစကားတွေ
ပြောနေတဲ့လူတစ်ယောက်ကတော့ စိတ်အားထက်သန်မှုတွေနဲ့ ဘဝကို ဘယ်လိုနေသင့်ကြောင်းတွေ ပြောနေခဲ့တယ်။သူပြောတဲ့အထဲက စကားတစ်ခွန်းကိုတော့ ငါ
သိပ်လက်မခံချင်ဘူး။ အလုပ်တစ်ခုကိုလုပ်ပြီဆိုရင် အဲဒီအလုပ်နဲ့ပက်သတ်ပြီး ထိပ်ဆုံးကိုရောက်အောင်လုပ်ရမယ်တဲ့လေ။ငါကတော့ အဲဒီလို မစဉ်းစားပါဘူး။
ထိပ်ဆုံးမရောက်ဘဲ အလယ်အလတ်လောက်ဆိုလဲအဆင်ပြေနေသားပဲ၊ ယုတ်စွအဆုံး အောက်ဆုံးနားမှာ ရှိနေရင်တောင် ငါစိတ်ချမ်းသာနေရင် အဆင်ပြေတာပဲလေ။ပျင်းရိတဲ့အရှုံးသမားလို့ ခေါင်းစဉ်တပ်ခံထားရတဲ့ ငါ့ဘဝမှာ ငါဖြစ်ချင်တာတွေကို လုပ်ဖို့က စိတ်အားထက်သန်မှုတွေမလိုပါဘူး၊
ဖြစ်ချင်တဲ့စိတ်တစ်ခုရှိရုံနဲ့ ဖြစ်နေတာပဲ။အရောင်စုံတဲ့နေ့ရက်တွေမှာ ငါပန်းချီထိုင်ဆွဲချင်ဆွဲပြီး တစ်ခါတစ်လေတော့လဲ စာတိုစုတွေထိုင်ရေးရင်ရေးနေမှာပဲ။ အဲဒီလို
ကျေနပ်စရာကောင်းတဲ့ ငါ့ရဲ့အခိုက်အတန့်တွေကို ထိပ်ဆုံးရောက်ရမယ်ဆိုတဲ့ ဘောင်နဲ့
မပိတ်လိုက်ချင်ပါဘူး။