Fragment-1

71 15 0
                                    

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


- FRAGMENTED MIND -

ဒီနေ့ အလုပ်ချင်ဆုံးကိစ္စတစ်ခုကိုလုပ်ခဲ့တယ်။ ဒီနေ့ တစ်နေ့လုံး ဘာဆိုဘာမှ မလုပ်ဘဲ အိမ်နားက စမ်းချောင်းလေးနားထိုင်ပြီး ကောင်းကင်ကြီးကို ငေးကြည့်ခဲ့တယ်။

တာဝန်တွေ ဝတ္တရားတွေကို
မေ့ထားပြီး အေးချမ်းမှုကို ထွေးပွေ့လိုက်ရတဲ့
ငါ့စိတ်က တိတ်ဆိတ်မှုတွေနဲ့ ပြည့်နှက်ပြီး
ငြိမ်သက်နေတယ်။

ဘာမှမရှိတဲ့ ဟင်းလင်းပြင်လို အနာဂတ်ကို မျှော်ကြည့်ရင်း မရပ်မနားပြေးခဲ့တဲ့ ခြေလှမ်းတွေကို ခဏရပ်ပြီး ကောင်းကင်ပေါ် မော့ကြည့်လိုက်တာက ဒီလောက် ‌စိတ်ချမ်းသာဖို့ ကောင်းတယ်မှန်း ငါမသိခဲ့ပါဘူး။

စောစောသာသိခဲ့ရင် ပြေးရင်း မောလာတိုင်း ခဏနားပြီး ကောင်းကင်ကြီးကို မော့ကြည့်ဖြစ်ခဲ့မိမယ်ထင်တယ်၊ ဒါပေမဲ့ အခုလဲ နောက်မကျသေးပါဘူး၊ မောလာတိုင်း မော့ကြည့်ရမဲ့ ကောင်းကင်ကြီးက အမြဲတမ်းရှိပေးမှာပဲလေ။

ငါတို့ မရပ်မနားပြေးရင်း မောလာတိုင်း
ခဏနားကြတာပေါ့ကွယ်။

FRAGMENTED MINDWhere stories live. Discover now