2

151 42 3
                                    

ဂျောင်ဆူး အိမ်ပြန်သွားတော့ ဆယ်ဟွန်းက နေ့လည်စားစားဖို့ ဦးလေးဖြစ်သူကို အဖော်ခေါ်ရန် ဆုံးဖြတ်လိုက်သည်။ စောစောကတော့ ဂျောင်ဆူး အဆင်မပြေမှာစိုးလို့ လေးငယ်ကို နောက်မှ သီးသန့်ပြင်ပေးရန် စဉ်းစားခဲ့တာဖြစ်သည်။
အိမ်က အကူ မိန်းကလေးတစ်ယောက်နဲ့ လေးငယ်ကို ထမင်းစားဖို့ ပြောခိုင်းလိုက်ပြီး သူကတော့ လေးငယ်အကြိုက် ဟင်းတွေ ပါ မပါ ပြန်စစ်ဆေးရန် ထမင်းစားခန်းထဲ ကြိုဝင်ခဲ့သည်။

လေးငယ်က မေမေတို့ မောင်နှမတွေထဲမှ အငယ်ဆုံးဖြစ်ပြီး ဆယ်ဟွန်းနဲ့ အသက် ၅ နှစ်သာကွာသည်။ အသက် ၃၂ နှစ်အရွယ် လူငယ်ပိုင်းဖြစ်သော်လည်း တက္ကသိုလ် နည်းပြဆိုသည့် ဂုဏ်ပုဒ်နဲ့အညီ စည်းကမ်းကြီးပြီး အနေတည်လွန်းသူဖြစ်သည်။ မောင်နှမသားချင်းမရှိသော ဆယ်ဟွန်းအတွက်တော့ လေးငယ်က အတုယူစရာ လေးစားစရာ အစ်ကိုလို ဦးလေးလို လူမျိုးဖြစ်သည်။

"သခင်လေးဆယ်ဟွန်း ဒေါ်ကြီးတို့ပြင်ထားတာ အဆင်ပြေရဲ့လား"

"ပြေတယ် ဒေါ်ကြီး
အမြဲဒီတိုင်းပဲ ပြင်ပေးပါ ပထမအချက်က သန့်ရှင်းဖို့
ဒုတိယအချက်က ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစားဖြစ်ဖို့"

"ဟုတ်ကဲ့ သခင်လေး
ဒါဆို လိုတာရှိရင်ခေါ်လိုက်နော်"

လေးငယ် ထမင်းစားခန်းထဲရောက်လာတာနဲ့ အိမ်အကူတွေက အသီးသီး အခန်းပြင်ကို ပြန်ထွက်သွားကြသည်။ လေးငယ်က အစားစားရင်း စကားပြောတာကို မကြိုက်သောကြောင့် နေ့လည်စာကို တိတ်တိတ်ဆိတ်ဆိတ်ပဲ စားသောက်ခဲ့ကြသည်။

"လေးငယ် အချိုတည်းဖို့အတွက် သစ်သီးပြင်ခိုင်းထားတယ်
လေးငယ်စားချင်တာရှိလည်းပြောနော်"

"နှင်းသီး"

"ဗျာ..."

ဆယ်ဟွန်းနှုတ်က နားမလည်သည့်အသံမျိုးထွက်သွားတော့ လေးငယ်က သူ့နှုတ်ခမ်းကို တစ်ရှုးနဲ့သုတ်နေရင်းက ဆယ်ဟွန်းဆီ လှမ်းကြည့်သည်။

"နှင်းသီးစားချင်လို့"

"နှင်းသီးကတော့အိမ်မှာမရှိဘူး လေးငယ်
လိုချင်ရင်တော့မှာထားပေးလို့ရပါတယ်"

UNCONDITIONALWhere stories live. Discover now