"ကိုကို ပါးစပ်ဟ...ဒါလေး စားကြည့်
ချိုတယ်မလား""ကိုကို ဒါလေးလည်း စားကြည့်ဦး"
"ကိုကို ဒါကလေ.."
ချန်းယောလ် နည်းပြအဖြစ် အလုပ်ဝင်မည့် တက္ကသိုလ်ကျောင်းမှာ အလုပ်ဝင်မည့်အကြောင်း သတင်းပို့ပြီး အိမ်ပြန်လာလာချင်း အဝင်ပေါက်နားကတင်ကြားနေရသော အသံကြောင့် အပေါ်ထပ်ကို တက်မည့်အစား ခြေလှမ်းများကို ထမင်းစားခန်းဘက် ပြောင်းလိုက်သည်။ သူ့ကိုဆို မြင်တာနဲ့ တုန်နေအောင်ကြောက်သည့် သေးသေးကွေးကွေးကောင်လေးက ဆယ်ဟွန်းအနားမှာဆိုရင် အသံတဆာဆာနှင့် ပျော်နေတတ်သည်။ ထမင်းစားခန်းအဝက လှမ်းကြည့်လိုက်တော့ ထမင်းစားစားပွဲကြီးရဲ့ တစ်ဖက်တည်းမှာ နှစ်ယောက်အတူတူကပ်ထိုင်နေပြီး ပန်းကန်ထဲက အသီးသေးသေးလေးတွေကို
ကောင်လေးက ဆယ်ဟွန်းပါးစပ်ထဲ တစ်ခုပြီး တစ်ခု ခွံ့ပေးနေသည်။ လက်တစ်ဖက်က ဆယ်ဟွန်းလက်မောင်းကို ကိုင်ထားရင်း မျက်လုံးတွေကလည်း ပျားရည်တွေ ထွက်ကျမတတ်ကို တောက်ပရွှန်းလဲ့လို့နေသည်။သူကျွေးလိုက်တဲ့အသီးကို ဆယ်ဟွန်းက သဘောကျရင်တော့ သူ့မှာ အဖိုးတန်ရတနာရှာတွေ့သွားသလို ပျော်ရသေးသည်။ အခန်းအဝင်ဝကို ကျောပေးထားတဲ့နှစ်ယောက်ကတော့ ချန်းယောလ်ကို မမြင်နိုင်ဘဲ ပျော်ရွှင်လျက်။ သူတို့အရဲ့အချိန်တွေကတော့ အလွန်ချိုမြိန်နေပုံရသည်။ ကြည့်နေရင်းတဲ့ ခါးသီးမှုကို ခံစားလာရတဲ့ ချန်းယောလ်က ထိုမြင်ကွင်းကို ကျောခိုင်းလျက် အိမ်ပေါ်ထပ်ကို တက်သွားတော့သည်။
♡
"ရပြီ ရပြီ ကိုကို ဗိုက်ဝနေပြီ"
ဆယ်ဟွန်းက နောက်ဆုံးအသီးလေးတစ်ခုကိုစားလိုက်ပြီး ဗူးထဲက ထပ်ထုတ်ဖို့လုပ်နေတဲ့ ဂျောင်ဆူးကို တားလိုက်ရသည်။ သူတို့ဆိုင်က အသီးတွေကို သဘောကျတယ် ပြောဖူးတာနဲ့ အသီးတွေ အသစ်ရောက်တိုင်း ဦးဦးဖျားဖျားလာပို့တတ်တာ လွန်ခဲ့သည့် နှစ်တွေကတည်းက ဖြစ်သည်။ အခုနောက်ပိုင်း အနားနားအထိ ကပ်ပြီး ခွံ့ကျွေးတတ်လာတာလေးက သူလက်ခံရရှိတဲ့ အပိုလက်ဆောင်လေးဖြစ်သည်။ ဂျောင်ဆူးက ဆယ်ဟွန်းအတွက်တော့ အိမ်ကိုလာလည်နေကျ ရပ်ကွက်ထဲက ကလေးလေးဆိုတာထက် ပိုသာတဲ့ ဖြစ်တည်မှုမျိုးဖြစ်သည်။
YOU ARE READING
UNCONDITIONAL
Fanfictionစံ သတ်မှတ်ချက်တွေမရှိဘဲ မင်း ဖြစ်နေလို့ ခြွင်းချက်မရှိ ချစ်မိသွားခဲ့တယ် ~ Park Chanyeol X Doh Kyungsoo