Poison – 2
နိုးရာ စိတ်တွေမွန်းကြပ်လှပြီ။ ချည်နှောင်ခံထားရသည်က စိတ်ကို ဂနာမငြိမ်အောင်လှုံ့ဆော်လို့နေ၏။ ဒီခြေကွင်းကြီးကိုပြုတ်သွားစေချင်တယ် ဒီခြေကွင်းကြီးဆီကလွတ်မြောက်ချင်လှ၏။နိုးရာ နေရာမှာပဲ ရှိုက်ကြီးတငင်ထိုင်ငိုမိ၏။ ဘာကြောင့်လဲ ဘာအတွက်လဲ ဘာကိစ္စနဲ့ ဒီလူ့ဆီမှာ သူက ဝဋ်လာခံနေရတာပါလဲ ။ သူဘာသာသူတောင် စိတ်ပျက်လွန်းလို့ ရူးချင်နေတဲ့ဟာကို ဘာလို့ စိတ်ပျက်စရာတွေထပ်ပြီးရောက်လာရတာလဲ…
“အာ… ချီး….!!”
နိုးရာ ကြမ်းပြင်ပေါ်မှာထိုင်ချပြီးစိတ်ပျက်လက်ပျက်ဖြစ်သွား၏။ အချိန်ကြာလာသည်နှင့်အမျှ အပြင်ဘက်က အလင်းရောင်ပျောက်ကွယ်သွားပြီဖြစ်သည်။ လှေကားမှတက်လာသည့်သူကို ကြည့်နိုးရာ ဒေါသစိတ်ဖြင့် ထိုလူဆီကိုပြေးသွားသည့်အခါ ထိုလူ က ရပ်ကြည့်နေပြီး နိုးရာ ကိုလှောင်နေ၏။ ခြေချင်းကြောင့် သူ့ဆီမရောက်ခင်မှာပဲ နိုးရာ လဲကျသွားခဲ့သည်။
“ကျုပ်ကို ဘာလုပ်တာလဲလို့ ကျုပ်ကိုဘာလို့ဒီလိုလုပ်ရတာလဲလို့… အာ့.. ဟင့် ဘာလို့လဲ”
အေးဆေးစွာပဲ နိုးရာ ဆီသို့ တစ်လှမ်းချင်းတိုးလျှောက်လာသည်။ အနားသို့ရောက်သည်နှင့် ကော်လံစကိုလှမ်းဆွဲဖို့အားယူသည့်အခါ နိုးရာ ခြေဖျားတွေကိုလည်း ထောက်ယူရသေးသည်။မြင့်မားလွန်းသည့်အရပ်နှင့်ကြီးမားလှသည့် ခန္ဓာကိုယ်က နိုးရာ ကိုခြိမ်းခြောက်လို့နေသည်။ ရင်ဘက်ကိုလက်သီးဖြင့် တဘုန်းဘုန်းမြည်အောင် ရိုက်ပစ်ပြီး လွှတ်ပေးဖို့ ပြောတော့ နိုးရာ လက်နှစ်ဖက်ကို ပူးကိုင်ပြီး အိပ်ခန်းထဲသို့ပြန်ဆွဲခေါ်လာသည်။
တည်တန့်နေသည့်မျက်နှာနှင့် မျက်ဝန်းတွေက ဒေါသ အငွေ့အသက်တွေပြည့်လို့နေ၏။
အိပ်ယာပေါ်ပစ်ချလိုက်ပြီး နိုးရာ ကို ဆံပင်ကနေ ဆောင့်ဆွဲပြီး ထစေပြန်၏။“အာ့ နာတယ် နာတယ် လွှတ် ကျုပ်ကိုလွှတ် … ခွေးမသားကြီး လွှတ် အား”
နိုးရာ ဆံပင်တွေကိုဆွဲထားသည်ထက် အားပိုထည့်ပြီးဆွဲဆုပ်၏။ နိုးရာ မျက်ရည်တွေ စီးကျလာပြီး မျက်နှာတစ်ခုလုံးရဲတွတ်လို့လာသည်။
YOU ARE READING
POISON
FantasíaSky 💙 "အတိတ််ကပျော်စရာကောင်းသလို ဝမ်းနည်းစရာတွေလည်းရှိနေနိုင်တယ်။ တစ်စွန်းတစ်စမှတ်မိတဲ့အခါ နာကျင်စရာအတိတ်တွေဖြစ်ကောင်းဖြစ်နေနိုင်တယ် အဲ့အခါကျရင် ကိုယ့်ကို အရင်ဆုံးပြောပြပါ ကိုယ်တောင်းပန်ပါ့မယ်"