ချိုက်ပီမြို့ (Cai Bi)။ချင်းလုံနှစ်(QingLong) ၊ သက္ကရာဇ် ၃၁၆ ခုနှစ် ၈လပိုင်း ၅ရက်။
မြို့မျက်နှာဖုံးကျောက်မျက်ရတနာသူဋ္ဌေးကြီး ဝမ်ရှဲ့ဟော်ရဲ့ သားဖြစ်တဲ့ဝမ်ရိပေါ်ရဲ့ အသက်ကိုးနှစ်ပြည့်မွေးနေ့ရက်မြတ်။
" ဖေဖေ ''
ရွှေသားဆွဲကြိုးမှာ ခရမ်းဆွဲရောင်အဖျော့ကျောက်စိမ်းပြားကိုဆွဲသီးတပ်ဆင်ထားတဲ့အတွက် ဝမ်သခင်ပေါက်စလေးရဲ့ပုံစံဟာ အလွန်ကို နှစ်သက်ဖွယ်ကောင်းနေ၏။
" ရိပေါ်လေး..ဒီမှာ သားအတွက်ဖေဖေပြင်ဆင်ထားတာလေး ကြည့်လှည့် ''
ရှဲ့ဟော်က ကိုးနှစ်သားအရွယ်ကလေးလေးကို ပါးချိုင့်တွေပေါ်အောင်ပြုံးရင်း လက်ယက်ခေါ်လိုက်သည်။
အနီရောင်သုံးပေစင့်မြင့်က ကိုးနှစ်သားအတွက် အတော်အသင့်မြင့်မားနေသည်မို့ ကလေးငယ်လေးက မော့တော့မော့တော့နဲ့ ကြည့်နေရသည်။
" ဒါကဘာကြီးလဲ ဖေဖေ''
" ဒါက..ရုပ်သေးစင်မြင့်လို့ခေါ်တယ်''
"ရုပ်သေးစင်မြင့်?''
ရှဲ့ဟော်၏ ပြုံးရိပ်သန်းနေသည့် မျက်နှာလေးဟာ သားဖြစ်သူကိုကြည့်ရင်း ပိုမို၍ အသက်ဝင်နေတော့သည်။
" ယောက်ျား..ရုပ်သေးဆရာရောက်လာပြီ''
ဝမ်သခင်မက ရှဲ့ဟော်ကို ဦးတည်ပြောဆိုလိုက်ပြီး ကိုးနှစ်အရွယ်သားငယ်လေးရှေ့ ဒူးတုပ်ထိုင်ချကာ ပါးဖောင်းဖောင်းလေးအား ဖွဖွညှစ်ဆွဲလိုက်သည်။
" သားလေး..ဆရာကြီးဇီရန်(ZiRen)ကိုနူတ်ဆက်လိုက်ပါအုန်း''
" ဆရာကြီး ဇီရန် ''
လက်နှစ်ဖက်ကို တရိုတသေယှက်လိုက်ရင်း ခေါင်းလေးညွတ်ကာ နူတ်ဆက်နေသော ကလေးလေးအား ဇီရန်ပေရှန့်(ZiRenBeiXian)က မုတ်ဆိတ်ကိုဟန်ပါပါသပ်လျက် ခေါင်းတဆတ်ဆတ်ညိတ်သည်။
" သခင်လေးက သိပ်ကိုရိုသေနေပါပြီ''
ဇီရန်ပေရှန့်ကအားတုံ့နာစွာပြောလျက် လွယ်အိတ်ကိုဖွင့်လိုက်သည်။ထို့နောက် မတ်တပ်ရပ်နေသော မိသားစုအား တစ်ချက်ကြည့်ကာ စကားဆက်လိုက်သည်။
YOU ARE READING
Story Of Mysterious Puppet
Historical Fictionအကယ်၍ သခင်သာ ကျွန်တော့်အတွက် မျက်ရည်တစ်စက်ကျပေးမယ်ဆိုရင် အကယ်၍များ သခင့်အနားမှာ အိုမင်းတဲ့အထိ ထာဝရတစ်သက်လုံးစာနေခွင့်ရမယ်ဆိုရင် မီးခိုးငွေ့တွေနဲ့အတူ တဒင်္ဂအတွင်း ပျောက်ကွယ်သွားရမယ်ဆိုရင်တောင် ကျွန်တော့်အတွက် ပြည့်စုံလွန်းနေပါပြီလေ။