"အို့ အခန်းတံခါးပွင့်နေပါလား ကိုကြီးအခန်းက"
အိမ့်ကြယ်စင်တစ်ယောက် သူ့အကို အခန်းက တံခါးဟနေတာနဲ့ ချောင်းပြီး ဝင်သွားရန် လုပ်သည်။တံခါးကို အသာအယာတွန်းဖွင့်လိုက်ပြီး ဝင်ကြည့်လိုက်တော့....
"ဟင် အကိုက ဘယ်သူလဲ.?"
"ဗျာ ဟင် ဟို ဟိုဟာ ညီမလေးက ဘယ်သူလဲဟင်"
"ညီမက ဒီအိမ်က သခင်ကြီးဆိုတဲ့ လူရဲ့ မွေးစားညီမပါ ညီမနာမည်က အိမ့်ကြယ်စင်..ညီမရဲ့မိဘတွေက ငယ်ငယ်ကတည်းက မီးလောင်ပြီး ဆုံးသွားလို့ ကိုကြီးက မွေးစားထားတာ အကိုကရော ဘယ်သူလဲ ဘာလို့ ကိုကြီး အခန်းထဲ ရောက်နေတာလဲ"
"အဲ အဲ့ဒါက အကို သူ့အခန်းထဲ ရောက်နေတာက သူအကို့ကို ပြန်ပေးဆွဲထားလို့"
"ရှင် ကိုကြီးက အကို့ကို ပြန်ပေးဆွဲထားတာ!?!?"
"ဟို မအော်ပါနဲ့ သူတက်လာရင် ဘယ်လိုလုပ်မလဲ "
"ဘာဖြစ်လဲ လာပါစေပေါ့ တောက်ချလိုက်မှာ"
"အဟွတ်"
"ရရဲ့လား အဆင်ပြေလားဟင်"
"ရတယ် ရတယ် ဒီအတိုင်း ချောင်းဆိုးရုံပါ"
"ဒါနဲ့ အကိုက ကိုကြီး အကျီယူဝတ်ထားတာလား ဆိုဒ်က တော်တော်ကြီးနေသလိုပဲနော် ပြီးတော့ ဝတ်ထားတဲ့ ဘောင်းဘီလေးကလဲ တို"
"ဟ ဟုတ်တယ် ရေချိုးပြီး ဝတ်စရာ မရှိလို့ ယူဝတ်ထားတာ"
"ဪ ဪ ဪ"
အိမ့်ကြယ်စင် စပ်ဖြီးဖြီးနဲ့ ပြောလိုက်တော့
ရှိုင်းထက်သော်တာ နားရွက်လေး နီသွားရလေပြီ။"အကို့ကို ဘာလို့ ပြန်ပေးဆွဲတာလဲ မသိဘူးနော် ကိုကြီးက အကို့ကို ကြိုက်လို့များလား ဟင်းးး"
"ဟို မသိဘူးလေ အဲ့ဒါကတော့"
"ထားပါ အကို ခုနက ငိုနေတာလားလို့"
"ငိုတာတော့ မဟုတ်ပါဘူး"
"ငိုတာပါပဲ ဘာလို့လဲ ပြောပြကြည့်"
ထိုအချိန် ရှိုင်းထက်သော်တာလဲ မြိုသိပ်မထားတော့ဘဲ...ညက ကိစ္စကို ချန်ပြီးကျန်တာ အကုန်ပြောပြလိုက်တော့
YOU ARE READING
My Daddy Kidnapped Me~(On Going)
Romanceအမ် ဇာတ်လမ်းက 18+ လေးတွေပါမှာမလို့ မ ကြိုက်တဲ့သူလေးတွေရှိရင် ရှောင်ပါနော် ပြီးမှ ဘာဖြစ်တယ် ညာဖြစ်တယ်မပြောကြပါနဲ့ အရမ်းချမ်းသာတဲ့ Daddy ကြီးနဲ့ သူ့ရဲ့ baby လေးပေါ့ အစကတော့ ဒီတိုင်းစိတ်ကူးယဉ်မိပေမယ့် ဝတ္ထုတစ်ပုဒ်ပါရေးဖြစ်မယ်လို့ မထင်ခဲ့ဘူး အားရင်အားသ...