Ch - 1

10 2 0
                                    

အပိုင်း - ၁

“ဟိတ်ကောင် မင်းဘာလုပ်နေတာလဲ”

မီးဆိုင်းကြီးများဖြင့် အလှဆင်ထားသည့်
မျက်နှာကြပ်၊ ဆိုဖာအဖြူရောင်ကြီးတွေ၊ ခမ်းနားလွန်းသည့်တံခါးမကြီး၊ ဘယ်နေရာ
ကြည့်ကြည့် မှန်ချပ်တွေဖြင့် ဆောက်လုပ်ထားသည့် ဧည့်ခန်း ၂ ထပ်တိုက် luxury house ကြီးထဲရှိ ဆိုဖာပေါ်တွင် I pad တစ်လုံးဖြင့် ဟိုကြည့် ဒီကြည့် လုပ်နေသည့် Jeon ကို အကိုဖြစ်သူ taehyung မှ ပြောလိုက်ခြင်းဖြစ်သည်။

“ပျင်းလို့ ဘာမှလုပ်စရာလဲမရှိဘူး”

“ပျင်းရင် conpany သွားလေ အဲ့ကြ မသွားပဲနဲ့ အိမ်မှာနေပြီးတော့ပျင်းတယ်ဆိုတော့”

“အကိုကြမသွားပဲနဲ့များ”

“ငါကအခုသွားမှာ ရုံးကခေါ်ထားတယ် မင်းကိုခေါ်တာ မင်းဖုန်းက စက်ပိတ်ထားတယ်တဲ့ အဲ့တာကြောင့် ငါ့ကိုခေါ်တာ meeting ရှိတယ်ဆို မသိဘူးလား”

“သိတယ် ဒီတိုင်းစိတ်ညစ်နေလို့ မသွားတာ”

“အော် ကောင်းပါတယ် ဒါဆို ငါပဲသွားလိုက်
မယ်”

Taehyung suit အပြည့်ဝတ်ဆင်ထားကာ ပြောရင်းဆိုရင်း အိမ်ထဲမှ ထွက်သွားသည်။ ခြံထဲရှိ အမဲရောင် mercedes တစ်စီးကို ကိုယ်တိုင်
မောင်းကာ ထွက်သွားသည်။ သူတို့နေသည့် နေရာနှင့် company နှင့် တော်တော်ဝေးသည်။ လူတွေနှင့် ဝေးသည့် နေရာတွင် နေချင်တာကြောင့် တောင်ကုန်းပေါ်တွင် သူတို့ဘာသာသူတို့ သီးသန့် နေကြသည်။ တောင်ကုန်းပေါ်
တွင်လဲ အိမ်ဆိုလို့ သူတို့တစ်အိမ်ထဲရှိသည့်အတွက် တောင်အောက်မှလှမ်းကြည့်ရင်တောင် ခမ်းနားလှသည့် အိမ်ကြီးကိုလှမ်းမြင်ရသည်။

————-

“အဲ့တာဆို အားလုံး အဆင်ပြေအောင်လုပ်ထားလိုက်တော့နော် အကိုပြန်လိုက်တော့မယ်”

နေ့ခင်းဘက်ဆို နေနဲနဲပူတာကြောင့် Taehyung တစ်ယောက် အိမ်ကို အမှီပြန်ရန် အလုပ်များကို အပြတ်ဖြတ်လိုက်သည်။ ကျန်သည့်အလုပ်များကို အတွင်းရေးမှူးဖြင့်သာ ထားခဲ့လိုက်သည်။ ထီးကိုမိုး၍ security က ကားပါကင် အထိ
လိုက်ပို့ပေးသည်။ ကားပေါ်ရောက်တော့မှ Taehyung စိတ်အေးနိုင်သည်။

Vampire Heart llWhere stories live. Discover now