Ep 43

811 72 7
                                    

Ep 43

Uni+Zaw

နှစ်တွေကြာလာတာနဲ့အမျှ စပ်ခေါင်ထီရာဇ်သည် ရုပ်ပိုင်းဆိုင်ရာအားဖြင့်ပြောင်းလဲမှုမရှိသော်လည်း သခင်လေးစပ်ခေါင်ထီရာဇ်မှ သခင်ကြီးစပ်ခေါင်ထီရာဇ် ဖြစ်လာခဲ့သည်။ကျန်ရှိသောခေါင်အာလူမျိုးဟူ၍ လက်ချိုးရေလို့ရသော ပမာဏသာရှိသော်လည်း စပ်ခေါင်ထီရာဇ်သည် စံအိမ်တော်နှင့်ခေါင်အာလူမျိုး၏ အကြီးအကဲအဖြစ်အရိုက်အရာကိုဆက်ခံယူရသည်။

စပ်ခေါင်ထီရာဇ်သည် နေ့ရက်တိုင်းကြောက်ရွံ့ထိတ်လန့်စိတ်ဖြင့် ဖြတ်သန်းရသည်။ဘယ်အချိန်များ 'မြွေနတ်အရှင်သခင်မ' ၏ကျိန်စာသည် သူ့ထံဖြစ်ပေါ်လာမလဲ၊ ဘယ်လောက်ထိနာကျင်ခံစားရဦးမလဲ အမြဲတစေစိုးရိမ်ကြောင့်ကြစွာ အသက်ရှင်နေရသည်။

" ခေါင်အာလူမျိုးစုတစ်ခုလုံးသေရတာ မင်းကြောင့်! စပ်ခေါင်ထီရာဇ် မင်းကြောင့်! "

ခမည်းတော်၏ နာကျည်းမုန်းတီးသောစကားသံများ။

" မီးလောင်ခံနေရတုန်း ဘယ်လောက်ထိပူလောင်လဲ သခင်လေး သိရဲ့လား! အီးဟီးဟီး....ပူတယ်.....ပူတယ် "

" ခံစားကြည့်! ခင်ဗျားကိုယ်တိုင် ခံစားကြည့်!! ခင်ဗျားလည်းအခုကျိန်စာသင့်နေပြီမလား။မြင်နေရတယ် ကျုပ်တို့အားလုံး ခင်ဗျားကိုမြင်နေရတယ်။တစ်သက်လုံး မသေနိုင်တဲ့ဘဝနဲ့ နာကျင်ခံစားလိုက်စမ်း! "

ခေါင်အာလူမျိုးတို့၏ နာကျင်အော်ဟစ်နေသော ငိုကြွေးသံများနှင့် စပ်ခေါင်ထီရာဇ်အား ကျိန်ဆဲရေရွတ်သံများ။စပ်ခေါင်ထီရာဇ် နှလုံးသားတစ်ခုလုံး မီးမြှိုက်ခံနေရသလိုပင်။

" မုန်းတယ်!! အစ်ကိုကြီးကိုအရမ်းမုန်းတယ် "

ထီအာလေး၏ နာနာကျည်းကျည်းအော်ဟစ်သံတွင် စပ်ခေါင်ထီရာဇ်မျက်လုံးတို့ပွင့်လာသည်။သူ့အားအမြဲတစေ နာကျည်းမုန်းတီးစွာခြောက်လန့်နေသော ခေါင်အာလူမျိုးဝိဥာဥ်များသည် အနားမှာအရိပ်ပမာဝဲနေသည်။

စပ်ခေါင်ထီရာဇ်သည် ကောင်းမွန်စွာအိပ်စက်ရတယ်ဟူ၍ပင်မရှိ။ညတိုင်းခြောက်လန့်နေသော အိပ်မက်ဆိုးများသည် သာမန်လူတစ်ယောက်ဆိုလျှင် သည်းခြေပျက်ရူးသွပ်သွားစေနိုင်သည်။

You've reached the end of published parts.

⏰ Last updated: Oct 27 ⏰

Add this story to your Library to get notified about new parts!

သခင်ကြီးနှင့်စံအိမ်တော်Where stories live. Discover now