ကျတော်တို့ရပ်ကွက်ထဲဝယ်

1K 128 876
                                    

[ကျတော်တို့ရပ်ကွက်ထဲဝယ်....]

{နေခြည်အဖြစ်=ဂျောင်ဟိုဆော့
ထယ်အဖြစ်=ကင်မ်ထယ်ယောင်း}

===VOPE ဝတ္ထုတို===

"အားလုံးကြားကြားသမျှ
အမျှ....အမျှ....အမျှ....."

"ဟော်ဒီကပဲပြုတ်!!!!!"

မနက်နေထွက်တော့မှာမို့
သူတို့ရဲ့အေးသာယာရပ်ကွက်လေးဟာ ဘုရားရှိခိုးသံ...
မနက်ခင်းစျေးသံများက
စတင်ထွက်ရှိလို့နေပါပြီ

"အားးးး....
တကယ်ပါပဲ...
မိုးကမလင်းသေးဘူးအမေက
တမျိုး ဒေါ်တာကတမျိုးနဲ့ကောင်းကောင်းကိုမအိပ်ရဘူးး...."

အခန်းထဲမှနေခြည်ဟာ
သံပြိုင်ဟစ်အော်နေတဲ့
အမေနဲ့စျေးသည်များကြောင့်
အိပ်ယာထဲမှကုန်းထလာတော့၏...

သားအမိနစ်​ယောက်ထဲရှိတာမို့
ဒီအိမ်မှာသူဟာ
အိမ်ထောင်ဦးစီးတာဝန်ကိုယူထားရ၏...
သို့သော်အမေက
ကိုယ့်ပိုက်ဆံတွေကိုမသုံး...
ဘာတဲ့အပူစာတွေတဲ့....
ကျတော့်အလုပ်က
ရပ်ကွက်ထဲအပေါင်ခံတဲ့အလုပ်နဲ့ငွေတိုးချေးခြင်းသာ...ဘာကိုအပူစာရမှာလဲ သူများစီးပွားရေးကိုအမေတို့ကမတရားပြောတာ...

အမေကတော့တခြံထဲအိမ်နစ်လုံးရှိတဲ့ထဲက တလုံးကိုဌားထားပြီးသနားစခန်းတွေဝင်ဖို့ လှူဖို့အတွက်သုံး၏...

အမေဟာအိမ်မှာတရက်တောင်
မနေပဲတရားစခန်းတွေသာလျှောက်ထွက်နေတတ်တာမို့ တယောက်ထဲနေရတာများ၏...

ဒါကြောင့်နည်းနည်းပျင်းရိ၏..

အိပ်ယာလည်းနေမြင့်မှထတတ်သည်...ဒါကိုအမေကလုံးဝမကြိုက်...အခုလည်းဘုရားရှိခိုးနေလို့သာကိုယ့်မြင်တာနဲ့အကြည့်နဲ့လမ်းဆူပြီးနေခဲ့ပြီ...

ကျတော်တို့အိမ်ကတထပ်အိမ်အုပ်အကာသွပ်မိုးဖြစ်ပြီး ကျတော်တို့လူဌားတင်တဲ့အိမ်ကတော့သစ်သားနစ်ထပ်အိမ်သာ...၂၀၀၆ခုနစ်ရဲ့ကုန်စျေးနှုန်းဟာလည်းမသေးလှတာမို့အိမ်စားရိတ်ရရန်ဘာကိုမှအလွတ်မပေးရဲ....

အခုလည်းအမေကဆဲအုံးမယ်....ခဏနေရင်စျေးထဲနေပြန်တိုးသွားကောက်ရမည်မဟုတ်လား..

သူတို့ပဲကျေနပ်လို့လာချေးကြတာပဲ ပြန်ယူတော့မှကိုယ်ကလူဆိုးဖြစ်သည်

ကျတော်တို့ရပ်ကွက်ထဲဝယ် Where stories live. Discover now