Ep [2]

6 3 2
                                    

เด็กน่ารัก
ချစ်စရာကောင်လေး

ည၁၁နာရီကျော်မို့လမ်းမပေါ်၌လူသူကင်းမဲ့နေ၏။အလုပ်ပြန်နောက်ကျသည့်အလုပ်သမားအချိုသာရှိတော့သည်။ကားများလည်းတစ်စီးနှစ်စီးသာမောင်းနှင်နေ၏။

လူအရိပ်အခြေမရှိသည့်အချိန်မှလှုပ်ရှားတတ်သည့်Pinfaဂိုင်းအကြောင်းPerthကောင်းကောင်းသိသည်၊ငယ်စဥ်ကပင်P'San၏သင်ပြမှုကြောင့်ထိုဂိုင်း၏အားနည်းချက်ကိုလည်းPerthသိနေသည်

ထို့ကြောင့်လူများတိတ်ဆိတ်ချိန်၌လှုပ်ရှားရန်အိမ်သို့မပြန်သေးခြင်းဖြစ်၏

"P'Perthအခုထိဒီမှာရှိနေသေးတာလား၊မပြန်သေးဘူးလား၊ညဥ့်နက်နေပြီ"
Perthခေါင်မိုးထပ်မှာထိုင်ကာဆေးလိပ်သောက်နေတာဖြစ်ပြီးယခင်နေ့ကTanဖမ်းခေါ်သွားသည့်လူအကြောင်းစဥ်းစာနေတာဖြစ်သည်

"Pawinမင်းစုံစမ်းကြည့်သေးလား"

"ဗျာ..ဘာကိုလဲ P'Perth"

PawinကPerthခိုင်းထားသည်ကိုမေ့နေဟန်၊သို့ဖြစ်၍Perthသည်မျက်နှာတင်းတင်းဖြင့်မျက်စောင်းထိုးကြည့်၏

"အာ....အဲ့တာကျွန်တော်"

Pawinကတကယ်မေ့နေတာ၊P'Sanရဲ့လုပ်ငန်းသစ်ကိုကူညီနေရတာနဲ့မေ့နေတာဖြစ်၏

"ငါမင်းကိုပြောဖူးပါတယ်၊ငါခိုင်းထားတဲ့အလုပ်ကိုဂရုမစိုက်တာငါအမုန်းဆုံးပဲ"

PerthထိုစကားကိုခဏခဏပြောဖူးတာPawinသိ၏၊သို့သော်အခုကဂရုမစိုက်တာမဟုတ်၊လဆန်းရက်မို့အလုပ်များနေသည်မို့မေ့ပျောက်မိခြင်းဖြစ်သည်

Pawinကဘာပြန်ပြောရမလဲမသိအခက်တွေ့နေစဥ်Perthဆေးလိပ်မီးကိုသတ်လိုက်သည်၊ထို့နောက်မတ်တပ်ထရပ်ကာလှေကားဘက်သို့လျှောက်လာ၏

"P'Perthပြန်တော့မလို့လား"

"လှုပ်ရှားစရာရှိသေးတယ်မင်းပြန်တော့"

Perthစကားဆုံးတာနဲ့Pawinကိုကျောခိုင်းထွက်ခွာခဲ့၏၊PawinကPerthတစ်ယောက်တည်းမသွားစေချင်သဖြင့်အနောက်ကလိုက်လာ၏

"မင်းလိုက်စရာမလိုဘူး"

"ဗျာ ဟိုကျွန်တော်"

Because of you Opowieści tętniące życiem. Odkryj je teraz